အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...

Start from the beginning
                                    

ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာအတွင်းမှ လင်းဖုန်း၏ ပုံရိပ်သည် သူ၏ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ပေ။ သူ၏ စိတ်ဝိညာဥ် စွမ်းအားများဖြင့် ထုတ်လွှတ်ထားသည့် ဖြစ်တည်မှု တစ်ခုသာ ဖြစ်၏။

သို့သော်လည်း သူက အနက်ရောင် စစ်တုရင် အရုပ်အား မယူလိုက်သည်နှင့် အစစ်မဟုတ်သော အသွေးနှင့်အသားတို့သည် ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းသွားကြသည်။

သူ၏ နည်းစနစ်များ၊ စွမ်းအားများ၊ စိတ်ဝိညာဥ် စွမ်းအင်များနှင့် အသိစိတ်များ အားလုံးတို့သည် အသုံးမဝင်ခဲ့ကြပေ။ ချက်ချင်းပင် သူသည် အားနည်းသွားခဲ့၍ သူ၏ အသက်စွမ်းအားများ ပျောက်ဆုံးသွားခဲ့သည်။ ပြီးတာနှင့် သူသည် ပြိုလဲကျသွားခဲ့ကာ ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းသွားခဲ့၏။

ပုံသဏ္ဌာန်၊ အကောင်အထည်၊ အသက်၊ စိတ်ဝိညာဥ် အရာအားလုံးတို့သည် ဤအချိန်တွင် အရေးမပါတော့ပေ။

ရလဒ်တစ်ခုတည်းသာ ရှိပေသည်။ ထိုအရာမှာ ပြိုလဲကျကာ ပျက်စီးသွားခြင်း ဖြစ်၏။

လင်းဖုန်းသည် အကယ်၍ သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကသာ ထိုနေရာတွင် အနက်ရောင် စစ်တုရင်အရုပ်လေးအား သွားကောက်လိုက်မည် ဆိုပါက သူ၏အသက်၊ စွမ်းအား၊ စိတ်ဝိညာဥ် စွမ်းအင်၊ နည်းစနစ်များနှင့် အခြားအရာ အားလုံးတို့သည် ပြိုလဲကျကာ ဘာမှမရှိခြင်း အဖြစ်သို့ ရောက်သွားမည်ဖြစ်ကြောင်း ခံစားနေခဲ့ရသည်။

အနက်ရောင် စစ်တုရင် အရုပ်လေးအား ကိုင်မလိုက်သည်နှင့် လင်းဖုန်းသည် ယခင်က တခါမှ မခံစားဖူးသည့် ခံစားမှုတစ်ခုကို ကောင်းကောင်းကြီး ခံစားခဲ့လိုက်ရသည်။

ဒါသည် ကြောက်ရွံ့မှုဖြစ်၏။

သူသည် ကမ္ဘာအတွင်းမှ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ဖြစ်တည်မှုအား ကြုံတွေ့ခဲ့ရသကဲ့သို့ ဖြစ်၏။

လင်းဖုန်း၏ အမူအရာသည် တည်ငြိမ်လျှက်ပင် ရှိသေးသည်။ ဒါသည် သူ၏ ပထမဆုံး အကြိမ်အဖြစ် လှုပ်ရှားခြင်း ဖြစ်သဖြင့် ကြုံတွေ့ရမည့် အခက်အခဲများကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်၍ တုန်လှုပ်မသွားခဲ့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now