အပိုင်း ၅၉၄ : စွမ်းအားဖျက်ဆီးသော ကစားပွဲ၊ ကောင်းကင်နှင့် မြေကြီးတို့အား...

Start from the beginning
                                    

ဆွဲအားများက ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အဝတ်အစား ကပိုကရိုနှင့် အဘိုးကြီးသည် စစ်တုရင်ရုပ် တစ်ခုအား စစ်တုရင်ခုံပေါ်တွင် တင်လိုက်သည်။ လင်းဖုန်းကဲ့သို့ပင် သူသည် အနက်ရောင် စစ်တုရင်ရုပ်တစ်ခုအား တင်လိုက်ခြင်း ဖြစ်၏။

သူ၏ အကြည့်မှာ သာမန်သာ ဖြစ်သည်။ လင်းဖုန်းအား ထွင်းဖောက်၍ မြင်နေရသကဲ့သို့ သဘောထားနေခဲ့သည်။

လင်းဖုန်းသည် မရပ်တန့်ခဲ့ပေ။ ဤအချိန်တွင် သူသည် အဖြူရောင် စစ်တုရင်ရုပ် တစ်ခုအား ယူလိုက်ကာ နောက်ထပ်နေရာတစ်ခုသို့ ရွှေ့လိုက်၏။

ထိုအဘိုးအိုကလည်း သူ၏အနောက်သို့လိုက်ကာ အဖြူရောင် စစ်တုရင်ရုပ် တစ်ခုအား ရွှေ့လိုက်သည်။

လင်းဖုန်းသည် နောက်ထပ် စစ်တုရင် အရုပ်များကို ဆက်လက်ကောက်ယူနေခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် အနက်ရောင် စစ်တုရင် အရုပ်တစ်ခုကို ယူလိုက်သည်။ သူ့အား နေရာရွှေ့လိုက်အပြီးတွင် ထိုအဘိုးအိုကလည်း အတူတူ လိုက်ရွှေ့လိုက်သည်။

သူတို့နှစ်ယောက်စလုံးတို့၏ အပြုအမူတို့သည် လျှင်မြန်လှသည်။ အဖြူနှင့်အနက် စစ်တုရင်အရုပ်များက စစ်တုရင်ခုံပေါ်တွင် ရွှေ့လျားနေခြင်းနှင့်အတူ စစ်တုရင်ပွဲတစ်ခုကို ကစားနေခဲ့ကြသည်။

လင်းဖုန်းသည် အစကတည်းက အကြံအစည် တစ်ခု ရှိပြီးသားဖြစ်သည်။ သူသည် အစပိုင်းကတည်းက သတ်ရန် မရည်ရွယ်ထားခဲ့ပေ။ ပွဲတစ်ဝက် အရောက်တွင် သူသည် အဖြူရောင် အရုပ်တစ်ခုအား ရုတ်တရက် ယူလိုက်ကာ နေရာရွှေ့လိုက်ပြီး အနက်ရောင် အရုပ်တစ်ခုကို တားဆီးလိုက်သည်။

ထိုအဘိုးအို ဘာမှမတုံ့ပြန်နိုင်ခင် လင်းဖုန်းသည် ထိုအစားခံလိုက်ရသည့် အနက်ရောင် စစ်တုရင် အရုပ်အား ကောက်ယူလိုက်သည်။ သူက ထိုအရုပ်အား မယူလိုက်သည်နှင့် မတူညီသော ပြောင်းလဲမှုတစ်ခု ပေါ်လာခဲ့သည်။

ထိုစစ်တုရင် အရုပ်အား ကိုင်ထားခဲ့သော လင်းဖုန်း၏လက်ချောင်းမှာ ချက်ချင်းပင် ဆွေးမြည့်သွားခဲ့သည်။ အသွေးအသားနှင့် အရိုးတို့မှာ သဲမှုန်များအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့ကာ ပြာမှုန့်များ ဖြစ်သွားခဲ့၏။ ထိုပြာမှုန့်များမှနေ၍ လျှင်မြန်စွာနှင့်ပင် အချိန်တိုလေးအတွင်း ဤကမ္ဘာအတွင်းတွင် တစ်ခါမှ မရှိဖူးသည့်အတိုင်း ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now