အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!

Comincia dall'inizio
                                    

ချင်ဧကရာဇ်နှင့် ဝူချင်လျှိုတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ "ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်း"

ဤတောင်သည် နတ်ရေကန်ဂိုဏ်း၏ အစစ်အမှန် ရှေးဟောင်း မှော်ရတနာ ဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာက မြောက်ပိုင်းဒေသတွင် ရေခဲနှင့် ဆီးနှင်းများဖြင့် ပြည့်နေသော ထူးခြားသည့် ပုံစံဖြင့် တောင်တန်းတစ်ခုရှိသည်။ သို့သော်လည်း သူ၏အတွင်းမှနေ၍ ပူပြင်းသည့် ချော်ရည်ချော်ခဲများ ထွက်နေခဲ့သည်။

ရေခဲနှင့် မီးလျှံတို့၏ လိုက်လျောညီထွေ ရှိမှုအား နတ်ရေကန်ဂိုဏ်းအား တည်ထောင်ခဲ့သူ တစ်ယောက်က စတင်ရှာဖွေ တွေ့ရှိခဲ့၏။ ပြီးတာနှင့် သူတို့၏ ပူးပေါင်းထားသော စွမ်းအားများကို သူ၏မှော်ကျိန်စာများ အတွင်းတွင် ထည့်သွင်းလေ့ကျင့်ခဲ့၏။ ဂိုဏ်း၏ အစွမ်းအထက်ဆုံး ဂိုဏ်းသားများကိုသာလျှင် ဤစွမ်းအားကို အသုံးပြုခွင့်ပေးခဲ့၏။

အချိန်ပေါင်း ကြာမြင့်စွာ အသုံးပြု၍ အပြီးတွင် ဤ ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းသည် ဤဂိုဏ်း၏ကိုယ်ပိုင် မဟာယာန အဆင့်မှ မှော်ရတနာ ဖြစ်လာခဲ့သည်။

ဤရတနာသည် တတိယအဆင့်သို့ ရောက်သွားအပြီးတွင် အသုံးပြုသူ အနေနှင့် သူ၏ စွမ်းရည်များကို တောင်တန်း၏ အတွင်းတွင်ဖြစ်စေ၊ အပြင်တွင်ဖြစ်စေ နှစ်သက်သလို အသုံးပြု၍ ရသွားခဲ့သည်။

တိုက်ခိုက်မှုစွမ်းအားများအား နှိုင်းယှဥ်လိုက်လျှင် မဟာယာန အဆင့်မှ မှော်ရတနာများသည် အင်မော်တယ် ဝိညာဥ် တတိယ အဆင့်မှ ကျင့်ကြံသူများနှင့် အဆင့်အတန်းတူပေသည်။

လူအုပ်ကြီး၏ အရှေ့တွင် ပေါ်လာခဲ့သောသူသည် ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်း၏ စိတ်ဝိညာဥ်မှလွဲ၍ အခြားမဟုတ်ချေ။

ဒါသည် နတ်ရေကန်ဂိုဏ်းတွင် အစွမ်းအထက်ဆုံး သူရဲကောင်းဖြစ်၏။ ပုံမှန်ဆိုလျှင် သူ့နေရာတွင်သာ နေလေ့ရှိသော်လည်း အကြီးအကဲနှစ်ယောက်တို့နှင့် ချောင်ဝေတို့၏ ဆင့်ခေါ်မှုကြောင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeDove le storie prendono vita. Scoprilo ora