အပိုင်း ၅၈၇ : ထိုက်ကျိစစ်သည်များ၊ မဟာယာနအား ဖိနှိပ်ခြင်း!

Start from the beginning
                                    

ရေခဲစင်မြင့် အပေါ်တွင် ဆီးနှင်းများသည် လင်းဖုန်း၏ ပူဖောင်းကို အဆက်မပြတ် တိုက်ခိုက်နေခဲ့ကာ အေးခဲသွားအောင် ပြုလုပ်ချင်နေခဲ့၏။

သို့သော်လည်း မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်၏ စွမ်းအားများသည် အလွန်ပင် သန်မာလှ၏။ ပူဖောင်းကြီးက ပေါက်သွားခဲ့ကာ ဘေးပတ်ပတ်လည်မှ ရေခဲများကို လွင့်စင်သွားစေခဲ့သည်။

နတ်ရေကန်ဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့သည် မှင်သက်သွားကြ၏။ ဤမှော်ကျိန်စာသည် လင်းဖုန်းကိုယ်တိုင်ထံမှ လာသလောက် မပြင်းထန်လှပေ။ သို့သော်လည်း သူတို့အား ရင်ဆိုင်ရန် လုံလောက်နေခဲ့သည်။

"ကိုယ့်ကိုယ်ကိုယ် ပြလိုက်ပါ" အကြီးအကဲ နှစ်ယောက်တို့က အော်ဟစ်လိုက်ကြ၏။ သူတို့က မျက်နှာချင်း ဆိုင်လိုက်ကြကာ တစ်ယောက်၏ လက်ညှိုးဖြင့် အခြားတစ်ယောက်၏ နဖူးအား ထိုးလိုက်သည်။ ထိလိုက်ပြီးသည်နှင့် အကြီးအကဲ နှစ်ယောက်စလုံးတို့သည် အနောက်သို့ ခုန်ဆုတ်လိုက်ကြ၏။ တစ်ယောက်၏ ခေါင်းမှ အငွေ့တန်းတစ်ခုစီ ထွက်လာခဲ့သည်။

အနီရောင်နှင့် အပြာရောင် အငွေ့တန်းတို့သည် ပူးပေါင်းသွားကြကာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ကာ ဟင်းလင်းပြင်တွင် အပေါက်တစ်ပေါက်ကို ဖောက်လိုက်ကြသည်။

ဟင်းလင်းပြင်၏ ပြင်ပမှ လူတစ်ယောက်၏ ပုံရိပ်ကျဆင်းလာခဲ့သည်။

"ဒါက ဘယ်နေရာလဲ" လေးနက်သော လေသံခပ်ပြတ်ပြတ် တစ်ခုက ထွက်လာခဲ့၏။

ဤစင်မြင့်အထက်မှ လူတိုင်းသည် ချက်ချင်းပင် အပေါ်မှ ကြီးမားသော ဖိအားတစ်ခုအား ခံစားခဲ့ရသည်။ ထိုသူသည် မည်သူပင် ဖြစ်စေကာမူ ကောင်းဟန်၊ ရှီယု၊ ရွှမ်းလင်သူတော်စင်နှင့် အခြား အင်မော်တယ်ဝိညာဥ် တတိယ အဆင့်မှ ကျင့်ကြံသူတို့နှင့် ယှဥ်နိုင်သူတစ်ယောက် ဖြစ်ရမည်။

သူတို့၏ အပေါ်မှ လေဟာနယ် အတွင်းမှ ကျက်သရေနှင့် ပြည့်စုံသော လူတစ်ယောက် ထွက်လာခဲ့သည်။ သန့်စင်သော အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သည်။ သူ၏ ကြက်သွေးရောင် ဆံပင်နီများသည် လေပေါ်တွင် လွင့်နေခဲ့၏။ သို့သော်လည်း သူ၏ မျက်ခုံးများမှာ ရေခဲဓားမြှောင် နှစ်ခုကဲ့သို့ လုံးဝဖြူဖွေးနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now