အပိုင်း ၅၆၈ - ၅၆၉ - ၅၇၀

Start from the beginning
                                    

ထိုအချိန်တွင်ပင် တိုက်ပွဲ၏ အခြေအနေတို့သည် ပြောင်းလဲသွားခဲ့၏။ ပိုင်ရှီချန်သည် အောက်စည်းသို့ ရောက်သွားခဲ့သည်။ ယွဲ့ဟုန်ယန်၏ လှံတံရှည်သည် သူမထံသို့ ချိန်ရွယ်ထားကာ ရွှေရောင်နဂါးသည် သူမအား ဝါးမျိုတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။

ပိုင်ရှီချန်၏ နူးညံ့သိမ်မွေ့သော အပြုံးသည် သူ၏ မျက်နှာပေါ်မှ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အမူအရာသည် မယုံနိုင်လောက်အောင် လေးနက်နေခဲ့၏။

သူမ၏ အားနေသော ဘယ်လက်သည် လေပေါ်တွင် တင့်တယ်စွာနှင့် လှုပ်ရှားသွားခဲ့ကာ လေးလံသော ယင်အော်ရာတစ်ခုအား ဖန်ဆင်းလိုက်သည်။ ထိုယင်အော်ရာသည် သူမ၏ လက်လှုပ်ရှားမှုဖြင့် ဝဲကတော့တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ၏ ညာလက်သည် ဟန်ထျန်းမိစ္ဆာ ချေမှုန်းကျာပွတ်ကို ဆက်လက်စွဲကိုင်ထားကာ ယန်စွမ်းအင်များဖြင့် ခက်ထန်သော အော်ရာများကို အစွမ်းကုန် တိုးမြှင့်လိုက်သည်။ ပြီးတာနှင့် ကျာပွတ်မှ ယန်စွမ်းအင်များသည် ပေါက်ကွဲထွက်လာခဲ့ကာ ဝဲကတော့ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ယင်နှင့်ယန် စွမ်းအားလှိုင်းလုံးများသည် သူမ၏ ဘယ်လက်နှင့် ညာလက်တို့အနားတွင် လှည့်ပတ်နေကြသည်။ သူတို့သည် အလယ်ဗဟိုတွင် စုစည်းလာကြကာ ဆန့်ကျင်ဘက် အရပ်မျက်နှာများသို့ လည်ပတ်နေကြ၏။ သူတို့သည် အချင်းချင်း အဆက်မပြတ် တိုက်ခတ်နေကြကာ အတွင်းမှာ အားကောင်းသော ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခု မွေးဖွားလာခဲ့သည်။ ဒါသည် ယွဲ့ဟုန်ယန်၏ လှံတံရှည်အား ရှေ့သို့ တစ်လှမ်းမှ တက်မလာနိုင်ရန် တားဆီးထားနိုင်ခဲ့သည်။

ပိုင်ရှီချန်၏ အနားတွင် လှည့်ပတ်နေသော အဖြူနှင့် အနက်ရောင် မှော်စွမ်းအင်များသည် ယင်ယန်ဝဲကတော့ အတွင်းသို့ စုပ်ယူခြင်း ခံခဲ့ရကာ သူ၏ စွမ်းအားများကို မြောက်မြားစွာ တိုးတက်လာစေခဲ့သည်။

ပိုင်ရှီချန်သည် လုံးဝ မရပ်တန့်ခဲ့ပေ။ သူမ၏ ဘယ်လက်သည် လေထဲတွင် လူးလွန့်နေပြီး ညာလက်တွင် ဟန်ထျန်းမိစ္ဆာ ချေမှုန်းကျာပွတ်အား ကိုင်ထားခဲ့သည်။ စွမ်းအားကောင်းသော မှော်စွမ်းအင် လှိုင်းလုံးကြီးများသည် ဝဲကတော့ တစ်ခုပြီးတစ်ခု အဖြစ်သို့ ပြောင်းသွားခဲ့ကာ သူမ၏ လှုပ်ရှားမှုများနှင့် ပေါင်းစည်းသွားခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now