အပိုင်း ၅၄၄ - ၅၄၅ - ၅၄၆

Start from the beginning
                                    

ထိုအနက်ရောင် လေဟာနယ်များသည် သတိမပေးပဲနှင့် ပေါ်လာခဲ့ကြကာ၊ လေဟာနယ်၏ နယ်နိမိတ်များကို ဝေဝါးသွားစေပြီး သာမန်လေဟာနယ်မှ သေမင်းနယ်မြေ အဖြစ်သို့ ပြောင်းသွားခဲ့သည်။ အတွင်းတွင် အပိတ်လှောင် ခံထားရသော ဓားစာခံများကို မေ့လျော့သွားစေခဲ့ကာ၊ တုံ့ပြန်ရန် အချိန်မပေးခဲ့ပဲ သူတို့တည်ရှိမှု၏ အစအနပင် မကျန်အောင် ပျက်သုဥ်းစေခဲ့သည်။

ပထမ ကျင့်ကြံသူအား အေးဆေးစွာဖြင့် ချေမှုန်းလိုက်အပြီးတွင်၊ ထိုလူငယ်သည် အခုအချိန်တွင် နောက်ထပ် အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်မှ ကျင့်ကြံသူ ငါးယောက်တို့၏ အသက်ကို ယူခဲ့လိုက်သည်။ သူတို့၏ သေခြင်းများသည် လွယ်ကူလျှင်မြန်လွန်းလှသဖြင့် သူတို့ကိုယ်သူတို့ ဘာဖြစ်သွားကြမှန်းကိုပင် မသိလိုက်ကြချေ။

လက်ညှိုးဖြင့် ငါးချက်ညွှန်လိုက်ရာ အခြေတည်ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ ငါးယောက်တို့က ကြွေလွင့်သွားကြ၏။ ကုန်သွားသောအချိန်မှာ အသက်ငါးချက် ရှူစာထက် ပိုမကြာခဲ့ပေ။

အသက်တစ်ချက် ရှူချိန်၊ လက်ညှိုးတစ်ချောင်းဖြင့် အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့သည်။ တရားခံမှာ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်တွင်သာ ရှိသေး၏။

အားလုံးတို့သည် ထိုကြောက်မက်ဖွယ်ရာ မြင်ကွင်းအား ကြည့်လိုက်ကြကာ ကြက်သီးမွေးညင်းများ ထလာကြသည်။ ထိုသူ၏ မှော်ကျိန်စာများသည် ကြောက်မက်ဖွယ်ကောင်းကာ ထူးခြားဆန်းကြယ်လှသဖြင့် အားလုံးတို့၏ နှလုံးသား အတွင်းတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာကြသည်။

ထို့အပြင် သူ၏ ပြင်းထန်လှသော လူသတ်လိုစိတ်နှင့် ရက်စက်သော မှော်ကျိန်စာများသည် လူတိုင်းက သူ့အား အကြွင်းမဲ့ ထိတ်လန့်မှုဖြင့် ဘေးစောင်းကြည့်နေစေခဲ့သည်။ သူ့အား တိုက်ခိုက်ရန် သတ္တိရှိသူသည် လူသေတစ်ယောက် ဖြစ်သွားပေမည်။

သူတို့သည် သူ့ထံမှ ဖျက်ဆီးခြင်း အော်ရာများ ထွက်ပေါ်နေသည်ကို ခံစားမိနိုင်ကြသည်။ သူသည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်တွင်သာ ရှိသေးသော်လည်း၊ လေဟာနယ်၏ လျှို့ဝှက်ဆန်းကြယ်သော သဘောတရားများကို သဘောပေါက်နေပြီဟု သေချာနေကြကာ သူတို့အား ပိုမိုကြောက်ရွံ့စိတ်များ ပေါ်ပေါက်စေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now