အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉

Beginne am Anfang
                                    

ဝူချင်လျှိုက ရယ်လိုက်သည်။ "ထာဝရ တောင်တန်းဂိုဏ်းကို ငါတို့ရဲ့ ပွန်းအနေနဲ့ အသုံးချဖို့ ကိစ္စက မအောင်မမြင် ဖြစ်သွားခဲ့တယ်။ ကြည့်ရတာ လျှမ်ကန်းရဲ့လက်အောက်မှာ အတော်ထက်မြက်တဲ့ လူတစ်ယောက် ရှိနေတဲ့ပုံပဲ"

"ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ကြစို့။ ဒီနည်းလမ်းက ပိုပြီးတော့ အကျိုးရှိပြီး၊ ငါတို့ရဲ့ အကြံကိုလည်း ဖုံးကွယ်ထားနိုင်တယ်"

ဟွမ်ယုယန်က မေးလိုက်သည်။ "စီနီယာ ဆိုလိုချင်တာက မဟာကျိုး အင်ပါယာနဲ့ စူတောင်ဓားဂိုဏ်းတို့ကို ရန်မတိုက်ပေးတော့ဘူးပေါ့။ အဲ့ဒီအစား အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို စူတောင်ဓားဂိုဏ်းကို တာဝန်ယူခိုင်းလိုက်မယ်ပေါ့"

ဝူချင်လျှိုက သက်ပြင်းတစ်ချက်ကို ချလိုက်ကာ သူ၏ခေါင်းကို ခါလိုက်သည်။ "အရင်က ခန့်မှန်းမှုက လွဲချော်သွားခဲ့တယ်။ ငါတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဖိအားအလွန်များနေတယ်လို့ ယူဆပြီး၊ စူတောင်ဓားဂိုဏ်းကို အရင်ဆုံး ဖိနှိပ်ဖို့ ကြိုးစားခဲ့တယ်"

"ဒါပေမဲ့ အခုတော့ ကြည့်ရတာ ငါတို့က မူလအကြံအတိုင်း ဆက်သွားရတော့မယ်နဲ့ တူတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၊ မဟာချင် အင်ပါယာနဲ့ မဟာကျိုး အင်ပါယာတို့ ပူးပေါင်းပြီး စူတောင်ကို တိုက်ခိုက်ရင်၊ စူတောင်က ဖိအားတွေ အများကြီးအောက်ကို ကျရောက်သွားမယ်"

ဝူချင်လျှိုသည် သူ၏လက်ချောင်းများကို စားပွဲအပေါ်တွင် ခေါက်နေရင်း၊ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "စိတ်ဝင်စားစရာပဲ။ ဒါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကြောင့်၊ ငါ့ရဲ့ အကြံအစည်တွေကို ပြောင်းရတာ ဒုတိယ အကြိမ်ဖြစ်တယ်။ နန်းတွင်းအမိန့်တွေကို ပြင်ဆင်ရတာက အတော်ကို ရူးကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ ငါက မတတ်နိုင်ပဲ အခုလုပ်ရတော့မယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က တကယ့်ကို ရိုးစင်းတဲ့သူ မဟုတ်ဘူး"

သူသည် မတ်တတ်ရပ်လိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်လိုက်သည်။ "ယုယန်၊ သွားပြီး ပြင်ဆင်ထားပါ။ ငါက အရှင်မင်းမြတ်ကို သွားတွေ့ရဦးမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWo Geschichten leben. Entdecke jetzt