အပိုင်း ၄၈၇ - ၄၈၈ - ၄၈၉

Start from the beginning
                                    

ဟွမ်ယုယန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဗုဒ္ဓဝါဒကို နှိမ်နင်းတဲ့ တိုက်ပွဲတုံးက မဟာလမင်း ဓားမာစတာ အပါအဝင်၊ အင်မော်တယ်ဝိညာဥ် အဆင့်က အကြီးအကဲများစွာ ကြွေလွင့်ခဲ့ကြပေမဲ့၊ မဟာမိုးကြိုး ကျောင်းတော်က နောက်ဆုံးမှာ ပျက်စီးသွားခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ သူတို့က အတော်ကြီး ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀၀၀က ကမ္ဘာနှစ်ခု အကြားက တိုက်ပွဲအပြီးမှာ၊ သူတို့က ဒီလိုမျိုး အခြေအနေနဲ့ တစ်ခါမှ မကြုံဖူးခဲ့ဘူး"

ဝူချင်လျှိုက ဖွဖွလေး ပြုံးလိုက်သည်။ "ဒါက တကယ့်ကို မမျှော်မှန်းထားတဲ့ အဖြစ်တစ်ခုပဲ။ ဒီပြောင်းလဲမှုက ငါတို့ရဲ့ မျှော်မှန်းချက်တွေကို ကျော်လွန်သွားခဲ့တယ်"

သူသည် သူ၏ စာကြည့်ခန်း အပြင်ဘက်မှ ရေကန်တွင် လှိုင်းတွန့်လေးများ ထနေခဲ့သည်ကို ကြည့်နေခဲ့၏။ ပြီးမှ ပြောလိုက်သည်။ "ဒီအံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ဟာ၊ လူတွေကို အံ့အားသင့်အောင် တော်တော်လုပ်တတ်တယ်။ သူ့ရဲ့အဆင့် အတိမ်အနက်ကို နားလည်ဖို့က အတော်ကို ခက်ခဲတယ်"

သူ၏လက်ချောင်းသည် စားပွဲအပေါ်တွင် အဆက်မပြတ် ခေါက်လျှက်ရှိ၏။ သူက တည်ငြိမ်စွာနှင့် ပြောလိုက်သည်။ "စူတောင်အပေါ်မှာ လှုပ်ရှားမှုတွေကို အကုန်ရပ်လိုက်။ အရင်က ပြင်ဆင်မှုတွေ အကုန်လုံးကို ရွှေ့ဆိုင်းထားလိုက်ပါ"

ဝူချင်လျှိုသည် ဟွမ်ယုယန်ကို ကြည့်လိုက်ကာ မေးလိုက်သည်။ "အထူးသဖြင့် မဟာကျိုး အင်ပါယာနဲ့ စူတောင်ကို ပစ်မှတ်ထားတဲ့ အစီအစဥ်ကိုပဲ၊ အားလုံးကို ရပ်ဆိုင်းလိုက်။ ပြီးတော့ နံပါတ်လေးမင်းသား လျှမ်ကန်းနဲ့ ပတ်သတ်ပြီး စီစဥ်ထားတဲ့ အစီအစဥ်က၊ တစ်ခုခု မှားနေတာကို သတိပြုမိလား"

"လွန်ခဲ့တဲ့ နှစ်ဝက်တုံးက ကျွန်တော်တို့က ခွန်းလွန်တောင်ခြေ မြောက်ပိုင်းက ထာဝရ တောင်တန်းဂိုဏ်းမှာ၊ လျှမ်ကန်းကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဥ်ထားခဲ့တယ်။ ပြီးတာနဲ့ စီနီယာက ဒီအစီအစဥ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တော့၊ ကျွန်တော်တို့က မလုပ်ဆောင်ဖြစ်ခဲ့ဘူး" ဟွမ်ယုယန်က သူ၏ခေါင်းကို ညိတ်လိုက်သည်။ "တစ်ဘက်သားကလည်း ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို အနည်းငယ် ရိပ်မိခဲ့ဟန် တူတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now