အပိုင်း ၄၂၇ - ၄၂၈

Start from the beginning
                                    

ကြီးမားသည်ဟု ထင်နေရသော်လည်း သေးငယ်သည့် အနက်ရောင် အစက်လေးတစ်ခုသည်၊ လင်းဖုန်းနှင့် ကျန်သောသူများ၏ အရှေ့သို့ ပေါ်လာခဲ့သည်။

ထိုအနက်ရောင် အစက်လေး၏ ပုံသဏ္ဌာန်သည် ဖြည်းဖြည်းချင်း ပြောင်းသွားခဲ့ကာ၊ ခွန်းဖန်တစ်ကောင်၏ ပုံစံသို့ ပြောင်းသွားခဲ့သည်။ သူသည် သန္ဓေလောင်း တစ်ခုက တဖြည်းဖြည်းနှင် ပုံပေါ်လာခဲ့သလို ဖြစ်နေခဲ့၏။ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် တကယ်ပဲ သူ၏ ဥအခွံကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် အပြည့်အဝ ရင့်ကျက်လာပါက၊ ဥအခွံကို ထိုးဖောက်၍ ထွက်လာပေတော့မည်။

ပြုစုပျိုးထောင်ခြင်း ဖြစ်စဥ်တွင် ခွန်းဖန်၏ အရွယ်အစားသည် သေးငယ်လာခဲ့ကာ၊ ဘေးပတ်ပတ်လည်မှ ထောင်စုနှစ် မဟူရာ ရေခဲထံမှ ကွာကျလာခဲ့သည်။

မဟူရာရေခဲ၏ ရေခဲစွမ်းအားသည် အခြားသက်ရှိပုံစံများကို အေးခဲနိုင်သည့် အစွမ်းရှိသည်။ တစ်ယောက်၏ အရွယ်အစားကို ပြောင်းလဲလိုက်ခြင်းသည်၊ မဟူရာရေခဲထံမှ ကွာကျခြင်းနှင့် မည်သို့မှ မသက်ဆိုင်နေပေ။

သို့သော်လည်း ထိုခွန်းဖန်သည် နိုးထလာခဲ့သည်နှင့်၊ သူသည် ကြီးမားလှသော ဖန်ဆင်းမှု စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။ အံ့ဖွယ်ကောင်းလှစွာနှင့် သူသည် ထောင်စုနှစ် မဟူရာ ရေခဲ၏ ရေခဲစွမ်းအားများကို ချေဖျက်နိုင်ခဲ့သည်။

သူသည် ထောင်စုနှစ် မဟူရာ ရေခဲ၏ နှောင်ဖွဲ့မှုများမှနေ လွတ်မြောက်သွားခဲ့သည်နှင့်၊ ထိုခွန်းဖန်သည် ချက်ချင်းပင် သန့်စင်သောယန် အကြွင်းမဲ့ မီးတောက်၏ ဖန်ဆင်းထားသော လမ်းကြောင်းမှတဆင့် လျှောက်လှမ်းသွားခဲ့သည်။ ထိုလမ်းကြောင်း၏ အဆုံးတွင်၊ မဟာလွင်တီးခေါင် ကုန်းမြေနှင့် ဆက်သွယ်ထားသော လေဟာနယ်ကွက်လပ် ရှိပေသည်။

ထိုအနက်ရောင် အစက်လေးသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ အဖြူရောင် အလင်းတန်း အတွင်းမှ ထွက်ခွာသွားခဲ့သည်။ အပြာရောင်ခန်းမ သူတော်စင်သည် ထိုအနက်ရောင် အစက်လေးအား ကြည့်လိုက်ကာ၊ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now