အပိုင်း ၄၂၃ - ၄၂၄

Start from the beginning
                                    

သူ၏ ရွှေရောင်အရေပြား အပေါ်တွင် ခရမ်းစိမ်းရောင် လျှပ်စီးမိုးကြိုး မုန်တိုင်းတစ်ခု ပေါ်ပေါ်လာခဲ့ကာ၊ ရှီထျန်းဟောင်သည် နှစ်မီတာမြင့်သော ဘီလူတစ်ကောင်အလား ဖြစ်သွားခဲ့သည်။ သူ၏ တစ်ကိုယ်လုံးတွင် နတ်ဘုရား အလား၊ မိုးကြိုးနှင့် လေပြင်းများက ဝိုင်းရံထားခဲ့သည်။

မာန်ထနေသော မုန်တိုင်း၏အောက်တွင် ရွှေရောင်အလင်းတန်းသည် အဆက်မပြတ် လင်းလက်နေခဲ့ကာ၊ မုန်တိုင်းနှင့် မျှခြေတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဒါသည် လျှပ်စီးမုန်တိုင်း၏ စွမ်းအားများကို နောက်ထပ်တိုးတက်စေခဲ့သည်။

ထိုအချိန်တွင် ရှီထျန်းဟောင်သည် သူ၏ ရုပ်ခန္ဓာကိုယ် အသွေးအသားများ၏ စွမ်းအားကို အစွမ်းကုန် မြှင့်တင်ပြီး ဖြစ်သဖြင့်၊ မယုံနိုင်စရာ ရွှေရောင်ဗဟိုချက် အဆင့်၏ စံနှုန်းထက် များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရှေးပဝေသဏီမှ လွန်စွာသန်စွမ်းသော မိစ္ဆာမျိုးနွယ်စုတို့မှာ မိစ္ဆာအုပ်ချုပ်သူအဆင့် မိစ္ဆာများပင်၊ သူ့အား တိုက်ခိုက်ရဲတော့မည် မဟုတ်ချေ။ သူ့အား ရုပ်ခန္ဓာကိုယ် သိုင်းပညာရပ်တွင် အနိုင်ယူနိုင်သည်မှာ၊ ရွှေရောင်ဗဟိုချက် အဆင့်တွင် ရှိနေစဥ်က လင်းဖုန်း၏ အေးရီးစ်ကိုယ်ပွားသာ ရှိပေလိမ့်မည်။

သူ၏ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ခန္ဓာကိုယ်သည်သာ၊ သူ၏ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်မှ ခန္ဓာကိုယ်အား အနိုင်တိုက်နိုင်ပေလိမ့်မည်။  ပြီးတော့ ဒါသည် အစပိုင်းသာ ရှိသေးသည်!

ရှီထျန်းဟောင်သည် မိုးကြိုးမုန်တိုင်း မိစ္ဆာနတ်ဘုရား အသွင်သို့ ပြောင်းသွားအပြီးတွင်၊ သူ၏ မျက်ခုံးများကို ပင့်လိုက်ကာ ပြောလိုက်သည်။ "ထွက်လာစမ်း!" သူ၏ မျက်ခုံးအကြားတွင် မီးတောက်များက စတင်ထွက်ပေါ်လာခဲ့၏။

ခဏအကြာတွင် ကြောက်မက်ဖွယ်ရာ နဂါးအော်သံသည် ပဲ့တင်ထပ်ကာ ပေါ်လာခဲ့၍၊ ကြက်သွေးရောင် မီးတောက်များ ထွက်ပေါ်လာခဲ့၏။ သူမှနေ၍ သက်တန့်ရောင်စဥ်များကို ထုတ်လွှတ်နေခဲ့ကာ၊ ရှီထျန်းဟောင်၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now