အပိုင်း ၄၁၃ - ၄၁၄

Start from the beginning
                                    

သူတို့အနက်မှ တစ်ယောက်သည်၊ အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ဂရန်းမာစတာ တစ်ယောက်ဖြစ်သည်။ သူသည် ဘာမှမလုပ်ခဲ့သော်လည်း သူ၏ အကြည့်သည်၊ ကွေနွားဘုရင်နှင့် မဟူရာနဂါး ကျဲယုတို့၏ အပေါ်တွင် အာရုံစိုက်ထားခဲ့သည်။ သူ၏တာဝန်မှာ သူတို့ မလွတ်မြောက်စေရန် တားဆီးခြင်းပင် ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ဂုဏ်သတင်း ကျော်ကြားလာသော်လည်း၊ မြောက်ဝင်ရိုးစွန်း ပင်လယ်တွင် နာမည်ကြီးခြင်း မရှိသေးပေ။ ထို့ကြောင့် ကျန်သော လူအုပ်ကြီးသည် သတိထားနေကြသော်လည်း၊ ကြောက်ရွံ့ကြခြင်း မရှိခဲ့ပေ။

အထူးသဖြင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ခေါင်းဆောင် လင်းဖုန်းက ရှိမနေဟု သဘောပေါက်လိုက်ကြသည့် အချိန်တွင် ဖြစ်သည်။ ပြီးတော့ နတ်ရေကန်ဂိုဏ်းက ဦးဆောင်နေပြီ ဖြစ်သဖြင့်၊ သူတို့အားလုံးတို့သည် တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့ကြသည်။

ဇူရီသည် ဝင်ရောက်လာခဲ့သော ရေခဲမီးတောက်များကို တည်ငြိမ်စွာနှင့် စိုက်ကြည့်နေခဲ့သည်။ သူသည် ကျဲယု၏ ခေါင်းပေါ်မှ ပျံသန်းသွားခဲ့ကာ၊ ထိုရေခဲမီးတောက်များကို ရင်ဆိုင်ခဲ့သည်။

သူသည် လေဟာနယ် အတွင်းမှာ မနှေးလွန်း မမြန်လွန်းသော ခြေလှမ်းများဖြင့် ချီတက်သွားခဲ့သည်။ မယိမ်းမယိုင်သော ယုံကြည်ချက်များဖြင့် ပြည့်နေခဲ့သကဲ့သို့ ဖြစ်၏။

သူ၏ခြေလှမ်းများအောက်မှနေ၍ အနက်ရောင်နှင့် အဖြူရောင် မှော်စွမ်းအင်တို့သည် တစ်စပြီးတစ်စ အရှေ့သို့ တက်လာခဲ့ကာ၊ အရောင်နှစ်မျိုးတို့ဖြင့် ဖွဲ့စည်းထားသည့် ဧရာမ ယဇ်ပုလ္လင်တစ်ခု ပေါ်လာခဲ့သည်။

ထိုယဇ်ပုလ္လင်သည် မန်ဒလာ ပန်းပွင့်နှင့် တူသော်လည်း၊ တူမနေခဲ့ပေ။ မျက်စိကျိန်းလုမတတ် အလင်းတန်းများသည် မည်းနက်နေသော မျဥ်းကြောင်းများနှင့် ရောထွေးယှက်တင်နေကြကာ၊ ကောင်းကင်ယံပေါ်က ကြယ်စင်များ လည်ပတ်နေကြသည့် လမ်းကြောင်းများကဲ့သို့ ဖြစ်နေခဲ့သည်။

ဇူရီသည် ထိုယဇ်ပုလ္လင်အပေါ်တွင် ထိုင်နေခဲ့၍၊ သူ့ထံသို့ ပြေးဝင်လာနေကြသည့် ရေခဲမီးတောက်များကို ကြည့်နေခဲ့၏။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးများသည် စတင်ပြောင်းလဲလာကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now