အပိုင်း ၄၁၁ - ၄၁၂

Start from the beginning
                                    

အချို့သူများသည် သူ၏ စွမ်းဆောင်ရည်များကို အကြီးအကျယ် ထောပနာ ပြုခဲ့ကြသော်လည်း၊ အချို့မှာမူ သူ၏ဆရာ လင်းဖုန်း၏ အကူအညီကြောင့်သာ ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်း ဖြစ်သည်ဟု သံသယဝင်နေကြ၏။

သို့သော်လည်း ရှောင်ပုတန်သည် တစ်ကမ္ဘာလုံးအား အံ့ဩတုန်လှုပ်စေခဲ့ကာ၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများပင် သူ၏ တည်ရှိနေမှုအား အာရုံစိုက်လာရသည် ဟူသော အချက်ကိုမူ၊ တစ်ယောက်မှ မငြင်းဆန်နိုင်ခဲ့ပေ။

ဟုတ်ပေသည်၊ ကွေနွားဘုရင်၏ အပေါ်တွင် ထိုင်နေသော လူငယ်မှာ ရှီထျန်းဟောင်မှလွဲ၍ အခြားမဟုတ်ချေ။ သူ၏ဘေးတွင် ကောင်မလေး နှစ်ယောက် ထိုင်နေသည်။ တစ်ယောက်မှာ အနည်းငယ်ကြီး၍၊ တစ်ယောက်မှာ အငယ်လေး ဖြစ်သည်။

အသက်အနည်းငယ် ကြီးသောသူမှာ ၁၈နှစ် ၁၉နှစ်ခန့် ထင်ရ၍၊ သူမသည် သူမ၏အောက်မှ အဆုံးမဲ့ ရေခဲပင်လယ်ကြီးအား စိတ်ဝင်တစားဖြင့် ငုံ့ကြည့်နေခဲ့သည်။ သူမ၏ ပုခုံးပေါ်တွင် ရွှေရှာကြွက်လေး တစ်ကောင်ကို တွေ့နိုင်ပြီး၊ သူ၏ နားရွက်များမှာ အောက်က ရေခဲပင်လယ်အား အကဲခတ်နေသည့်ပုံဖြင့် တစ်ဆတ်ဆတ်နှင့် လှုပ်နေခဲ့သည်။

အသက်ငယ်သော တစ်ယောက်မှာ ရှီထျန်းဟောင်နှင့် ရွယ်တူဖြစ်၍၊ ၁၁နှစ် ၁၂နှစ်ဟု ထင်ရသည်။ သူမသည် ပါးနှစ်ဘက်ကို လက်ဖြင့်ထောက်ထားကာ၊ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေသည့် ပုံဖြင့် အရှေ့သို့ တွေတွေကြီး စိုက်ကြည့်နေခဲ့သည်။

သူမ၏ မျက်နှာမှာ အလွန်အမင်း ပျင်းနေသည့်ပုံ ဖြစ်နေ၏။ သို့သော်လည်း သူမ၏ မျက်လုံးတို့မှာ အဆက်မပြတ် လှည့်ပတ်နေခဲ့ကာ၊ သူမ၏ ခေါင်းအတွင်းတွင် မဟုတ်တရုတ် အကြံများကို ကြံနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ရှီထျန်းဟောင်ဘေးမှ မိန်းကလေးများမှာ ကျူးကော်ဖန်းလင်နှင့် ကျွင်းကျိနင်တို့ ဖြစ်ကြ၏။ သူတို့သုံးယောက်သားတို့သည် ကွေနွားဘုရင်၏ အပေါ်တွင် ထိုင်နေကြကာ၊ မဟူရာ နဂါးကျဲယု၏ အနောက်မှနေ၍ ဟင်းလင်းပြင်၏ အထဲမှ ထွက်လာကြပြီး၊ မြောက်ဝင်ရိုးစွန်း ပင်လယ်အတွင်းသို့ ရောက်ရှိလာကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now