အပိုင်း ၃၉၁ - ၃၉၂

Start from the beginning
                                    

မဟာပဏ္ဍိတ၏ အရေပြားကသာ မကာကွယ်ထားခဲ့လျှင်၊ ရှောင်ပုတန်သည် အသက်ပင် ဆုံးရှုံးသွားနိုင်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရေခဲရုပ်ထု ဖြစ်သွားကာ၊ ကြေမွသွားနိုင်သည်။

ယခုအချိန်တွင်ပင် သူ၏ တစ်ကိုယ်လုံးမှာ ကွဲကြေလွယ်သော ရွံ့ရုပ်ပမာ ဖြစ်နေခဲ့၏။ အခြေတည်ဝိညာဥ် အဆင့် မဆိုထားနှင့်၊ ရွှေရောင်ဗဟိုချက် အဆင့်၊ အခြေခံအုတ်မြစ် အဆင့်၊ ချီသာဝကအဆင့်က ကျင့်ကြံသူ တစ်ယောက်၊ သို့မဟုတ် သာမန်လူတစ်ယောက်ကပင် သူ့အား တစ်စစီ ခြေမွပစ်နိုင်ပေသည်။

သူ၏ ခန္ဓာကိုယ် အတွင်းမှ ယခင်က စိတ်ဝိညာဥ် စွမ်းအားများဖြင့် ပြည့်ဝနေသော အပေါက်ကိုးပေါက် ရွှေရောင်ဗဟိုချက်သည်၊ ယခုအခါတွင် ဆောင်းခိုနေသကဲ့သို့ အားနည်းသွားကာ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်၍နေခဲ့သည်။

မိုးသောက်ပန်း ဝင်ရိုးစွန်း ကြေးမုံနှင့် ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုတို့သည်၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင်သာ ကျန်နေခဲ့၏။ ရှီထျန်းဟောင်သည် သူတို့အား ပြန်၍ မယူလာနိုင်ခဲ့ပေ။ ယူလာနိုင်ခဲ့လျှင်လည်း သူတို့နှစ်ခုစလုံးတို့သည်၊ အပြင်းအထန် ပျက်စီးသွားခဲ့ကာ အရောင်များ မှေးမှိန်နေကြပြီ ဖြစ်သည်။

သူသည် ကလေးလေး ဘဝတုံးက သူ၏ အန္တိမ စိတ်ဝိညာဥ်တာဝါ အခိုးယူ ခံခဲ့ရစဥ် အချိန်မှလွဲ၍၊ ယခုအချိန်သည် ရှီထျန်းဟောင်၏ အားအနည်းဆုံး အချိန်ဖြစ်သည်။ သူသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍၊ အသက်အန္တရာယ်ပင် စိုးရိမ်နေရ၏။

သူ၏ ဒဏ်ရာများသည် ပြင်းထန်လှသော်လည်း၊ သူ၏ အမူအရာမှာ ရွှင်လန်းတက်ကြွနေခဲ့၍ သူ၏ မျက်လုံးအစုံမှာ ဝင်းလက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့် ကျင့်ကြံမှုဖြင့်၊ သူသည် အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ဖြစ်သော၊ ယုရှီးလင်အား သတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် သူ၏ ကျင့်ကြံမှုအဆင့် အကန့်အသတ်များကို ချိုးဖောက်ကာ၊ သူ့ထက်များစွာ သန်စွမ်းသည့် ပြိုင်ဘက်တစ်ယောက်အား သတ်နိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now