အပိုင်း ၃၇၇ - ၃၇၈

Comenzar desde el principio
                                    

လော်ချင်းဝူအား ဘာမှရှင်းပြနေစရာ မလိုခဲ့ပေ။ သူတို့သည် ငယ်စဥ်ကတည်းက အတူတကွ ဆော့ကစားလာကြသည် ဖြစ်၍၊ သူမသည် ကျွင်းကျိနင်အား နားလည်ပေသည်။ အဓိက အချက်မှာ လော်ချီ၏ ဆုံးဖြတ်မှုပင် ဖြစ်သည်။

"ကျိနင်၊ ငါက နင်ကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့တဲ့သူပါ" လော်ချီက သက်ပြင်းတစ်ချက် ချလိုက်သည်။ "ငါက ဒီကိစ္စကို ထိန်ချန်ပေးထားလို့ရတယ်။ ဒါပေမဲ့ ကျွင်းမိသားစုရဲ့ သမီးတစ်ယောက် အနေနဲ့၊ နင်က အနှေးနဲ့ အမြန်တော့ အိမ်ပြန်ရမှာပဲ"

လော်ချီသည် ကျွင်းကျိနင်အား ကြည့်လိုက်ကာ၊ လော်ချင်းဝူ၏ အနာဂတ်ကို မြင်နေရ၏။ သူသည် ဘာမှမတတ်နိုင်ပဲ၊ ရင်ထဲမှ ခါးသီးစွာ ခံစားနေရသည်။

ကျွင်းကျိနင်သည် သက်ပြင်းတိုးတိုးလေး ချလိုက်ကာ၊ သူမ၏ ခေါင်းကို ညိတ်လိုက်သည်။ "ဂရန်းမာစတာလော်၊ ကျွန်မက နားလည်ပါတယ်။ ကျွန်.. ကျွန်မက အခုလောလောဆယ်၊ စိတ်လက်ပေါ့ပါးစွာနဲ့ လျှောက်သွားချင်သေးလို့ပါ"

လော်ချီက ပြန်ဖြေလိုက်သည်။ "ထားလိုက်ပါတော့၊ မာစတာလင်းကလည်း ဘာမှ မပြောဘူးဆိုတော့၊ နင်နေခဲ့လို့ ရပါတယ်။ ငါကနင့်အတွက် စိတ်ပူစရာလည်း မလိုတော့ဘူး"

လော်ချီသည် ကျွင်းကျိနင်နှင့် စကားပြောနေသည့် အချိန်တွင်၊ လင်းဖုန်းသည် လော်ချင်းဝူအား အကဲခတ်နေခဲ့၏။ သူမသည်လည်း သူမ၏ မျက်လုံးကို ပြူးထားခဲ့ကာ၊ လင်းဖုန်းအား စိုက်ကြည့်နေခဲ့သည်။

လင်းဖုန်းသည် ယခုအချိန်တွင် နတ်ဘုရား နယ်မြေအတွင်းတွင်၊ နာမည်ကျော်ကြားနေပြီ ဖြစ်သည်။ သို့သော်လည်း ရှေးဟောင်းယွင်ထန်း ကမ္ဘာတွင်၊ အဓိက အင်အားစုများ၏ ခေါင်းဆောင်များကသာ သူနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား သိရှိကြသေးသည်။ ကျင့်ကြံမှု အဆင့်နိမ့်သေးသော တပည့်များအနေနှင့်၊ သူ၏နာမည်အား ကြားဖူးထားခဲ့ခြင်း မရှိကြသေးပေ။

"အကြီးအကဲလင်း၊ နံပါတ်ခြောက် ဂရန်းမာစတာ ပြောထားတာ၊ အရှင်က အရမ်းကို တော်တယ်ဆို၊ ဟုတ်သလား" လော်ချင်းဝူသည် လင်းဖုန်းက တည်ငြိမ်နေ၍ သဘောကောင်းသည့်ပုံ ပေါက်နေခဲ့သဖြင့်၊ မကြောက်မရွံ့နှင့် မေးလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeDonde viven las historias. Descúbrelo ahora