အပိုင်း ၃၇၅ - ၃၇၆

Start from the beginning
                                    

သူ၏ စွမ်းရည်စိစစ်သော ကိရိယာ အပေါ်တွင်၊ လော်ချင်းဝူ၏ အရိုးအရင်းမြစ်သည် အဆက်မပြတ် မှိတ်လိုက်လင်းလိုက် ဖြစ်နေခဲ့သည်။ ခဏအကြာတွင် ၅မှတ် ဖြစ်သွားလိုက်၊ ခဏအကြာတွင် ၉မှတ်ဖြစ်သွားလိုက် ဖြစ်နေခဲ့၏။

အကယ်၍သာ ကောင်းကင်ယင် စိတ်ဝိညာဥ် ပုလဲကသာ ကြေမွသွားခဲ့လျှင်၊ လော်ချင်းဝူ၏ အရိုးအရင်းမြစ်မှာ သိသိသာသာ ကျဆင်းသွားလိမ့်မည်ဟု လင်းဖုန်းက သိနေခဲ့၏။

ဒါသည် ရှောင်ပုတန်က အန္တိမ စိတ်ဝိညာဥ် တာဝါအား အထုတ်ယူခံလိုက်ရခြင်းနှင့် မတူညီပေ။ သူမရှိပဲနှင့် ရှောင်ပုတန်သည် သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုနှင့်ပင်၊ ပထမအဆင့် စိတ်ဝိညာဥ်တာဝါအား ဖော်ဆောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ပထမအဆင့် လုံခွက်နှင့် ခရမ်းရောင် ဆေးလုံးကိုလည်း ဖော်ဆောင်နိုင်ခဲ့၏။

အန္တိမ စိတ်ဝိညာဥ် တာဝါ မရှိတော့သော်လည်း၊ ရှောင်ပုတန်၏ အရိုးအရင်းမြစ်မှာ မယုံနိုင်လောက်အောင် မြင့်မားပေသည်။

"ဒါပေမဲ့ ဒါက သူ့ရဲ့ ကံကြမ္မာပဲ ဖြစ်တယ်။ ဒီလိုကံကြမ္မာမျိုးကို လူအများကြီးက မရနိုင်ဘူး" လင်းဖုန်းသည် သူ၏ခေါင်းကို ခါလိုက်ကာ၊ မျက်မှောင်ကြီးကို ကြုတ်လိုက်သည်။ "တကယ်လို့ ဒါက ရုပ်ခန္ဓာကိုယ် ထိခိုက်မှု၊ ဒါမှမဟုတ် စိတ်ဝိညာဥ် ဒဏ်ရာဆိုရင်၊ ကုစားလို့ ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ အခုက ဒီပုလဲဟာ ကွဲကြေလုနီးပါး ဖြစ်နေခဲ့ပြီ။ ဒီပြဿနာက ကျော်လွှားဖို့ အမတန်မှ ခက်ခဲတာပဲ"

လော်ချင်းဝူနှင့် ဒဏ်ရာရထားသော အခြေတည် ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ တစ်ယောက်အပြင်၊ လင်းဖုန်းသည် လျှမ်ကန်း၏ အုပ်စုအတွင်းမှ ခွဲထွက်လာ၍၊ တစ်စုံတစ်ခုကို လိုက်ရှာနေသော ချူးယန်အား တွေ့လိုက်ရသည်။

ယခုချူးယန်မှာ ယုကျင်းတောင်ပေါ်တွင် တွေ့ခဲ့ရသော ချူးယန်နှင့် အတော်ပင် ကွဲပြားခြားနားပေသည်။

ယခင်က သူသည် အတွေ့အကြုံ မရှိသောပုံ ပေါက်နေခဲ့သော်လည်း၊ သူ၏ အကြည့်သည် ဘဝ၏ အတက်အကျ၊ အနိမ့်အမြင့် မျိုးစုံတို့အား ကြုံတွေ့ခဲ့ရပုံ ပေါက်နေခဲ့၏။ လင်းဖုန်းသည် သူ၏ မျက်လုံးအတွင်းသို့ စိုက်ကြည့်လိုက်သော အခါတွင်၊ သူသည် ဘဝလောကဓံမျိုးစုံကို ခံစားခဲ့ပြီးသော သူတစ်ယောက်နှင့် တူနေခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now