အပိုင်း ၃၄၂ : ဒီရေများအား ပြောင်းပြန်လှန်ခြင်း

Start from the beginning
                                    

ထီး၏အပေါ်မှ လေဟာနယ်နှင့် အချိန်ကာလများသည်၊ ထပ်ဖန်တစ်ခါ ပြောင်းလဲ၍သွားပြန်သည်။ တစ်ကီလိုမီတာမျှ ကျယ်ပြန့်သော အလင်းတန်းကြီးသည်၊ ထိုပြောင်းလဲမှု ဖြစ်စဉ်မှနေ၍ ပါးလျ၍ သွားပေသည်။ သူသည် တစ်ပေလောက်သာရှိသော ပြင်းထန်စွာ တောက်လောင်နေသည့် မီးဘောလုံးလေး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ၊ ကောင်းကင်အကာအကွယ် ထီးပေါ်သို့ အရှိန်ပြင်းထန်စွာနှင့် ကျရောက်လာခဲ့သည်။

ထိုမီးဘောလုံး၏ တိုက်ခိုက်မှုနှင့်အတူ၊ မြေပြင်ကို လှုပ်ခါသွားစေသော တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ မီးတောက်မီးလျှံများသည် ထီးပေါ်မှ လွင့်စင်သွားခဲ့၏။ သို့သော်လည်း ထီးကြီးမှာ အကောင်းအတိုင်းပင် ရှိသေးသည်။ သူသည် မပျက်စီးခဲ့ရုံတင် မကပဲ၊ ခြစ်ရာလေး တစ်စွန်းတစ်စမှပင် အထင်ခဲ့ပေ။

ထီးပေါ်မှနေ၍ လွင့်စင်သွားခဲ့သော မီးတောက်မီးလျှံများသည်၊ ထီး၏စွမ်းအားများ လွှမ်းခြုံထားသည့် နေရာပြင်ပသို့၊ တောင်တစ်လုံး အရွယ်အစားရှိသည့် မီးကြယ်ပျံကြီး အသွင်သို့ ပြောင်းလဲကာ ကျရောက်သွားခဲ့သည်။ သူ၏ဘေးပတ်ပတ်လည်မှ ပတ်ဝန်းကျင်တို့သည် မီးတောက်များ၏ လွှမ်းခြုံမှုကို ချက်ချင်းခံလိုက်ကြရသည်။

လေပေါ်မှ ရှီကျုံးယွဲ့ဖြစ်စေ၊ ကောင်းကင်ပေါ်မှ အလင်းဓားမြန် ဓားမာစတာတို့ အဖွဲ့ဖြစ်စေ၊ မြေပြင်ပေါ်မှ အပြာရောင်ခန်းမ သူတော်စင်တို့ဖြစ်စေ၊ သူတို့အားလုံးတို့သည် လင်းဖုန်းက ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ တိုက်ခိုက်မှုအား ရင်ဆိုင်ခုခံခဲ့သည်ကို စိုက်ကြည့်နေကြ၏။ ထိုတိုက်ခိုက်မှုအား ရင်ဆိုင်ခဲ့ရသည့် အချိန်မှာပင်၊ လင်းဖုန်းသည် ဘာမှမဖြစ်သကဲ့သို့ နေနေခဲ့၏။

ထိုအခြင်းအရာသည် လူအားလုံးအား ဆွံ့အစေခဲ့သည်။ အထူးသဖြင့် ရှီကျုံးယွဲ့ဖြစ်သည်။

ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါက ထုတ်လွှတ်လိုက်သော စတုတ္ထ တိုက်ခိုက်မှုသည်၊ သူနှင့် ပုန်းကွယ်နေသော နဂါးချောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုထက် အများကြီးပို၍ ပြင်းထန်သည်ကို၊ သူ၏ရင်ထဲမှနေ၍ သိနေခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now