အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်

Mulai dari awal
                                    

ထို့ကြောင့် ဇူရီနှင့် ဝမ်လင်းတို့၏ အကြားမှ အေးစက်သော ဆက်ဆံရေးများ ရှိနိုင်သည်ကို သိနေလင့်ကစား၊ လင်းဖုန်းသည် သူတို့နှစ်ယောက်အား တစ်အုပ်စုတည်း ထားခဲ့ခြင်း ဖြစ်သည်။

တစ်ခုတည်းသော ပြဿနာမှာကား ရှောင်ပုတန်၊ ထွမ်းထွမ်းနှင့် ကျူးကော်ဖန်းလင်တို့ အားလုံးတို့သည် ပြဿနာအား မီးထွန်းရှာတတ်သော သူများ ဖြစ်နေကြခြင်း ဖြစ်သည်။ သူတို့အား ထိရောက်စွာ ထိန်းချုပ်နိုင်မည့်သူ တစ်ယောက်မှ ရှိနိုင်မည် မဟုတ်ပေ။ သူတို့သည် အသန်မာဆုံး၊ အလျှင်မြန်ဆုံး၊ ပြဿနာ အရှာနိုင်ဆုံး အဖွဲ့ဖြစ်လာကြမည် ဖြစ်သည်။

"ဒါပေမဲ့ သူတို့က ပင်လယ်အထဲ သွားကြမယ်ဆိုတော့လည်း၊ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်"

လင်းဖုန်းက ဆက်ပြောလိုက်သည်။ "အုပ်စုခွဲပြီးသွားပြီဆိုတော့၊ မင်းတို့က ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အထဲကို၊ နေရာခွဲပြီးမှ သွားကြရမယ်။ အုပ်စုတစ်စုက အဖွဲ့ဝင်တွေဟာ သီးသန့်လှုပ်ရှားလို့ရတယ်၊ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အဆက်အသွယ် မပြတ်စေရပဲ၊ အဝေးကြီး မသွားရဘူး"

သူတို့ ခုနှစ်ယောက်သားတို့သည် ခေါင်းများကို အသီးသီး ညိတ်လိုက်ကြ၏။ လင်းဖုန်းသည် သူတို့အား အကြာကြီး စိုက်ကြည့်နေခဲ့ပြီး၊ ရုတ်တရက် ပြောလိုက်သည်။

သူသည် ဇူရီတို့ အုပ်စုအား ကြည့်နေခဲ့ကာ ပြုံးလိုက်သည်။ "မင်းတို့အုပ်စုထဲမှာ ဇူရီတစ်ယောက်ထဲကသာ၊ ရွှေရောင်ဗဟိုချက် အဆင့်မှာရှိတယ်။ ဒါကြောင့်မို့ သူ့မှာက တာဝန်ပိုကြီးတယ်။ တကယ်လို့ အားလုံးရဲ့ အကူအညီနဲ့မှသာ ကျော်လွှားနိုင်မယ့် ရန်သူမျိုးနဲ့ တွေ့ခဲ့ရင်၊ မင်းက နည်းဗျူဟာ ချမှတ်ရရုံတင်မကပဲ၊ ရှေ့တန်းကနေလည်း တိုက်ခိုက်ရလိမ့်မယ်"

"ရှင်းရှင်းပြောရရင်၊ မင်းက အကြံပေးလည်းဟုတ်တယ်၊ စစ်သူကြီးလည်း ဟုတ်တယ်"

"ကျန်တဲ့သူတွေ အနေနဲ့ကတော့၊ ဟုန်ယန်က ဒုတိယ နေရာကို ယူရမယ်။ ရန်သူတွေကို ထိခိုက်ဖျက်ဆီးဖို့ တာဝန် တစ်စိတ်တစ်ပိုင်း ယူရမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeTempat cerita menjadi hidup. Temukan sekarang