အပိုင်း ၃၃၈ : ဘဝဟာ နှင်းပွင့်လေးလိုပဲ အထီးကျန်လှပါတယ်

Start from the beginning
                                    

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့၊ လူခုနှစ်ယောက် အုပ်စုဖြင့် ဝင်ရမည်ဖြစ်သည်။ သူတို့သည် အားလုံးအတွင်းတွင် အုပ်စုအတောင့်ဆုံး ဖြစ်သည်။ ကျန်သောအုပ်စုများသည် အလွန်ဆုံး လူသုံးယောက်၊ လေးယောက်သာ ရှိကြသည်။

"အုပ်စုအရင်ခွဲလိုက်ရအောင်" လင်းဖုန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ထျန်းဟောင်၊ ထွမ်းထွမ်းနဲ့ ကျူးကော်ဖန်းလင်တို့က တစ်အုပ်စုဖွဲ့လိုက်"

ပြီးမှသူသည် ဇူရီနှင့် ဝမ်လင်းတို့အား ကြည့်လိုက်သည်။ "ဇူရီ၊ ဝမ်လင်း၊ ယွဲ့ဟုန်ယန်နဲ့ ယန်ချင်တို့က နောက်တစ်အုပ်စုဖွဲ့လိုက်"

လင်းဖုန်းသည် မည်ကဲ့သို့ အုပ်စုခွဲရမည်ကို၊ အချိန်အတော်ကြာအောင် စဉ်းစားခဲ့ရ၏။ အုပ်စုတစ်ခုအတွင်း၌ မည်သူက ခေါင်းဆောင်ရမည်၊ အဖွဲ့အတွင်း၌ စည်းလုံးညီညွှတ်မှုရအောင် မည်ကဲ့သို့ နည်းဗျူဟာများ ချမှတ်ရမည် စသဖြင့် ဖြစ်သည်။

ထိုမေးခွန်းသည် လင်းဖုန်းအတွက် အတော်ပင် အရေးကြီး၏။ သူကိုယ်တိုင်က ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့ ဝင်ခဲ့ရသော်၊ သူသည် သံသယဖြစ်ဖွယ်မရှိပဲ အမိန့်ပေးသူပင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ယခုမူ သူသည် မဝင်နိုင်သဖြင့်၊ ဦးဆောင်မှုနှင့် နည်းဗျူဟာ ချမှတ်မှုတို့မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

ရှောင်ပုတန်နှင့် ဇူရီတို့မှာ ကျင့်ကြံမှုအဆင့် အမြင့်မားဆုံး တပည့်နှစ်ယောက် ဖြစ်ကြသည်။ သူတို့နှစ်ယောက်တို့အား အုပ်စုတစ်ခုတည်း ထား၍မရပေ။ ရှောင်ပုတန်သည် လူကသာ ငယ်သော်လည်း၊ ထက်မြက်ပြီး ဉာဏ်နီဉာဏ်နက်များ အပြည့်ရှိသည်။

ဝမ်လင်းနှင့် ရှောင်ပုတန်တို့အားလည်း တစ်အုပ်စုတည်း ထား၍မရပေ။ ဝမ်လင်းသည် သူ့ထက် စီနီယာ ကျသော်လည်း၊ ရှောင်ပုတန်သည် သူ့ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်နေ၏။ အကယ်၍ သူတို့နှစ်ယောက်သည် သဘောထား ကွဲပြားမှုများ ဖြစ်လာခဲ့လျှင်၊ ပြဿနာ ကြီးကြီးမားမား တက်နိုင်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now