အပိုင်း ၃၁၆ --- အပိုင်း ၃၁၇

Start from the beginning
                                    

မှန်ပေ၏။ သူက ဟန်ဆောင်နေခြင်း မဟုတ်ပေ။ သူက အခြားသူများကို လိမ်ညာနိုင်မည် ဆိုလျှင်ပင်၊ ချောင်ဝေနှင့် သူ၏ဂိုဏ်းအား လိမ်ညာနိုင်မည် မဟုတ်ချေ။

ကောင်စုတ်လေးသည် လင်းဖုန်းအား သနားစရာကောင်းလှစွာ ကြည့်လိုက်သည်။ "ဆရာရယ်၊ တကယ်ကို နာတာပဲဗျ"

လင်းဖုန်းက ဖြတ်ပြောလိုက်သည်။ "မင်းကို ဒီလိုမျိုး နည်းလမ်းသုံးပါလို့ ဘယ်သူက ပြောထားလို့လဲ? တုံးအတဲ့ ကောင်စုတ်လေး!" လင်းဖုန်းက မြည်တွန်တောက်တီးနေခဲ့သော်လည်း၊ ခရမ်းရောင်တိမ်တိုက် တစ်ခုနှင့် ရှောင်ပုတန်လေးအား လွှမ်းခြုံပေးခဲ့လိုက်ကာ၊ သူ၏ကိုယ်ပိုင် မှော်စွမ်းအင်နှင့် ရှောင်ပုတန်လေး၏ ဒဏ်ရာအပြည့်နှင့် ခန္ဓာကိုယ်အား ကုသပေးနေခဲ့သည်။

ပြီးတာနှင့် သူသည် အဝေးမှ ချောင်ဝေ၏ အသံအား ကြားလိုက်ရ၏။ "ကျုပ်က အရှုံးပေးပါတယ်။ ဒါတွေက ခင်ဗျားတို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွက်ပါ"

လင်းဖုန်းက သူ၏ခေါင်းအား လှည့်ကြည့်လိုက်ရာ၊ ချောင်ဝေ၏ မှော်စွမ်းအင်တို့ဖြင့် ရစ်ပတ်ထားသော ပစ္စည်းသုံးမျိုးတို့သည်၊ သူ၏ အရှေ့သို့ ရောက်လာခဲ့သည်ကို တွေ့လိုက်ရ၏။ ဒါတွေသည် ကမ္ဘာကို ဗဟိုပြုသော မီးကြာပန်း၊ စက်ဝိုင်းကိုးဝိုင်း ရေခဲသစ်ခွနှင့် မုကျိဟိုင်က ရှောင်ပုတန်လေးကို ရှုံးထားသည့် ကျူယန် ရေခဲပန်းပွင့်တို့ ဖြစ်ကြသည်။

လင်းဖုန်းက ခေါင်းညိတ်လိုက်၍ ထိုအရာများကို အားမနာတမ်း သိမ်းယူလိုက်၏။ ချောင်ဝေကလည်း ဘွင်းဘွင်းပဲ ပြောလိုက်သည်။ "ဒါဆိုရင်၊ ကျုပ်တို့ရဲ့ အကြွေးတွေက ကျေသွားပြီပေါ့"

"ဒါပေါ့၊ ဒါပေါ့" လင်းဖုန်းက မသိသာလှသည့် အပြုံးရေးရေးလေး ပြုံးကာ ပြောလိုက်သည်။

အခြားတစ်ဘက်တွင် မုကျိဟိုင်သည်၊ နတ်ရေကန်ဂိုဏ်း၏ စခန်းသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ သူ၏ အကြီးအကဲများနှင့် ကျင့်ကြံဖော်များသည် သူ့အား စိုက်ကြည့်နေကြသော်လည်း၊ အထင်သေးခြင်း လှောင်ပြောင်ခြင်းများကို မပြုလုပ်ခဲ့ကြပေ။ သူတို့အားလုံးသည် သူ့အတွက် စိတ်မကောင်း ဖြစ်နေကြ၏၊ မုကျိဟိုင် ထုတ်ဖော်ပြသခဲ့သည် အစွမ်းအစများက လေးစားဖွယ်ရာ ကောင်းလှသည့် အတွက်ကြောင့် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now