Unicode.
အတ္တမြူခိုးတွေသာ ကြီးစိုးနေသော ဒီနေရာ။
လိမ်ညာခြင်း နွယ်ပင်တွေယာ ပရိယယ်မျိုးစိတ်တွေနဲ့အတူ ရစ်သိုင်းရှုပ်ထွေးလျှက်
ဆူးငြောင့်တွေသည်လည်း မပါမဖြစ်။
တသွင်သွင်စီးဆင်းနေတဲ့ ရေယဥ်ကျောဟာ ကောက်ကျစ်ခြင်းတွေနဲ့အတူ ညစ်ညမ်းမှုတွေအပြည့်။
ထိုသို့ အကျဥ်းတန်စွာ လှပနေတဲ့ တောနက်ကြီးကို 'မာယာ' ဟုလှပစွာနာမည်တွင်စေမယ်။ထို မာယာတောနက်ကြီးထဲ ခဏလောက်ပျော်မွေ့ကြည့်ကြမလား။
ယုန်သူငယ်လေးတွေဟာ တောရိုင်းသတ္တဝါတွေအတွက် သားကောင်သက်သက်။
သနားညှာတာခြင်းကင်းမဲ့နေသောဇုန်။
အာဏာနဲ့ အင်းအားတို့သည်သာ လက်နက်။
ရိုးသားရင်း အရိုးပါအစား ခံရနိုင်တယ်။
အသည်းမာသူတွေသည်သာ အနိုင်။
ဖြူစင်ခြင်းသည် အရောင်ဆိုးဖို့အတွက် အသုံးချခံသက်သက်။
ထို
မာယာတောထဲ တသားထဲစီးမျောတက်ရင်တော့ ထိုတောနက်ဟာ အရိုင်းဆန်စွာ လှပနေပါလိမ့်မည်။သတိ...
အမုန်းပင်တော့လာရောက် စိုက်ပျိုးခွင့်မရှိ..မာယာ--//
..
အချစ်ဆိုတာ ဘာလဲ?
လူတွေဖြစ်တည်လာတဲ့ ကမ္ဘာဦးကတည်းက အဖြေရှာခဲ့ကြတဲ့မေးခွန်းတစ်ခု။
အခုထိလည်း အဖြေရှာနေကြဆဲဖြစ်သလို
အဓိပ္ပာယ်အမျိုးမျိုး ပေါ်ထွက်လာနေဆဲ..။ခေါင်းစဥ်အမျိုးမျိူးနဲ့ ချစ်နေကြဆဲ...။
လူတစ်ယောက်ရဲ့ စိတ်ခံစားချက်၊အကျင့်စရိုက်နဲ့၊စိတ်နေစိတ်ထား တို့အပေါ်မူတည်ပြီး အချစ်ဆိုတာ အရောင်အမျိုးမျိုး ပြောင်းလဲခံနေရခြင်း ဟုတွေးမြင်နိုင်သည်။
လူတွေတစ်ယောက်နဲ့တစ်ယောက် မျက်နှာအသွင်အပြင်မတူညီကြသလို
မတူညီကြတဲ့ စိတ်ခံစားမှုနောက်လိုက်ပြီး
အချစ်ဟာ ပုံသေနည်းမရှိခဲ့သော
တွက်ရခက်တဲ့ပုစ္စာလေးတစ်ပုဒ်ဖြစ်ခဲ့ရသည်............
Jeon Jungkook.....
အချစ်တဲ့..ဒါဟာ ပိုင်ဆိုင်လိုခြင်း နမ်စားသက်သက်.....
ပေးဆပ်မှုနဲ့အချစ်? ၊ အဝေးကအချစ် ?
နားမလည်ဘူး....။
ချစ်မိပြီဆိုမှတော့ ပိုင်ဆိုင်ချင်လို့ ဖြစ်ပေါ်လာတဲ့ခံစားမှုသက်သက်။
YOU ARE READING
~.မာယာ.~(Completed)
Fanfictionရယူနိုင်ခြင်းမှမဟုတ်ရင် ချစ်ဖို့မသင့်တော့ဘူး 3.11.2022...>>..._21.1.2024