Part23[Uni+Zawgyi]

Start from the beginning
                                    

"ခင်ဗျားလဲ ယောကျာ်းလေးဖြစ်ပြီး တည်တည်တံ့တံ့နေ"

"သဝန်တိုတာလား မောင်က"

"ဘောကိုသဝန်တိုလေ ကျုပ်က ဘာလို့သဝန်တိုရမှာလဲ"

"မောင် ခဏထိုင်ဦး"

မောင်ကို ဆိုဖာပေါ်သို့ ထိုင်စေလိုက်ပြီး ငါက မောင်ပေါင်ပေါ်တွင် တက်ထိုင်ကာ မောင့်ခါးကိုလှမ်းဖက်လိုက်ကာ ငါအရမ်းလွမ်းနေတဲ့ မောင်ရဲ့နွေးထွေးတဲ့ရင်ခွင်ကြီးထဲ ငါဝင်လိုက်သည်။ မောင်ကိုယ်သင်းရနံ့ကို ငါရှူရှိုက်လိုက်သည်။ အစပိုင်းတုန်းက ရုန်းတော့မယ့်မောင်က ငါကိုယ်ကို ပြုတ်မကျအောင် ပြန်ဖက်ထားပေးသည်။

"မောင်သဝန်မတိုပါနဲ့ ငါက မောင်တစ်ယောက်တည်းကို ရူးရူးမူးမူးချစ်တာမလို့"

"ဘာလို့ ခင်ဗျားကို မမှတ်မိတဲ့လူကိုမှ ချစ်နေရတာလဲ တိမ်လရောင်မော်ကွန်းရယ်"

"ငါနှလုံးသားက မောင်တစ်ယောက်တည်းကိုချစ်လို့လေ မောင်သိလား 'မောင်'ကလေ 'မောင်'ကိုယ်'မောင်' 'မောင်'လို့ ပြောမယ့် အချိန်ကိုငါလွမ်းနေခဲ့တာ ငါကို အမြဲချစ်တယ်လို့ပြောမယ့်အချိန်ကိုလည်း မျှော်နေခဲ့ရတာ"

"ကျုပ်သိပါတယ် မငိုပါနဲ့"

ထွက်သွားတဲ့သူထက် နေခဲ့ရတဲ့သူက နာကျင်ရအောင်လည်း မောင်က ငါအနားကထွက်သွားတာမဟုတ်။ငါနဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေသာ ပျောက်သွားတာပင်။ မောင်ငါ့အနားမှာရှိပေမယ့် ငါနာကျင်တယ်မောင်။ငါစိတ်ကို ငါရအောင်ထိန်းထားရတာ။မဟုတ်ရင် ငါရူးပြီးသေတော့မှာ။ လိမ်တာမကြိုက်တဲ့ငါကတောင် မောင်ငါကို ဘယ်လောက်လိမ်လိမ် ငါအမြဲခွင့်လွှတ်ခဲ့တာမို့ ငါကိုမမှတ်မိလည်း အရှက်မရှိစွာ တွယ်ကပ်နေမိမှာဘဲ။ငါကမောင်ကို အရမ်းချစ်တာကို။ တစ်လဆိုတဲ့အချိန်အတွင်းမှာ ငါတို့မုန်းခဲ့ကြတယ်။ချစ်ခဲ့ကြတယ်။ပျော်ခဲ့ကြတယ်။ငိုခဲ့ကြတယ်။စသဖြင့် အမှတ်တရများစွာရှိတာမို့ မောင်ငါကို ပြန်မှတ်မိမယ့်နေ့ကို လက်ချိုးရေတွက်ပြီးစောင့်နေဦးမှာ။

လူအများပြောကြတာတော့ ဆယ်ကျော်သက်အရွယ်မှာ စချစ်မိတဲ့သူက မေ့မရတဲ့အချစ်ရဆုံးသူဘဲ။ ငါအတွက်တော့ ငါ့အသက်၂၆နှစ်အရွယ်မှာ ငါ့နှလုံးသားကိုခိုးယူသွားတဲ့မောင်ကို အချစ်ရဆုံးဘဲ။ဘယ်သူတွေဘာပြောပြောပေါ့။

Cigarette and poisonWhere stories live. Discover now