"နွယ်​​လေး အရမ်းမ​ပြေးနဲ့​ချော်​လဲမယ်​"

"လဲပါဘူး ကိုကိုကလဲ"

သားသားက အကြီး​လေးမလို့လား မသိဘူး အရမ်းငြိမ်​ပြီး သူ့ညီမ​လေးကို အရမ်းချစ်​တယ်​ မီးမီး​လေးက​တော့ အချွဲ​လေး အမြဲတမ်း ဆုလာဒ်​နဲ့ ကိုကြီးနားကပ်​ပြီး ချွဲ​နေ​တော့တယ်

"မီးမီး​လေး ဒီနှစ်​ သင်္ကြန်​ဘယ်​ကို သွားချင်​လဲ ဖူးခတ်​ သွားမလား ရန်​ကုန်​ပဲ​နေမလား"

မီးငယ်​​လေးက ရီပြီး သူ့အစ်​ကို့ ကိုလှမ်းကြည့်​ရင်း

"ကိုကို နွယ်​​လေး ​ပြောလိုက်​ရမလား"

"​ပြော​လေ နွယ်​​လေးရဲ့"

"ဘာ​တွေ ​ပြောမလို့လဲ တိုင်​ပင်​​နေတာတုန်း သားသားနဲ့ မီးမီးက"

"Daddy​မွေး​နေ့က april 13မလား ​ဖေ"

"ဟုတ်​တယ်​​လေ မီးငယ်​​လေးရဲ့"

"Daddy​မွေး​နေ့အတွက်​ ကိုကိုက ကိုရင်​ဝတ်​မယ်​ နွယ်​​လေးက သီလရှင်​ဝတ်​ပြီး ​မွေး​နေ့လက်​​ဆောင်​​ပေးချင်​လို့ ​ဖေ"

"ဘယ်​လို က​လေး​လေး​တွေရဲ့"

ကိုကြီးက မီးမီး​လေးကို​ပွေ့ချီလိုက်​ပြီး သားသားကိုကြည့်​ရင်း ​မေးလိုက်​​တော့ သားသားက သူ့ပါးချိုင့်​​တွေ​ပေါ်​အောင်​ ရီပြရင်း

"ဟိုတ​နေ့က တရားနာကြ​တော့ ရင်​ကဖြစ်​တဲ့ သားကို သာသနာ့​ဘောင်​ပို့​ဆောင်​​ပေးနိုင်​ရင်​ ကုသိုလ်​​တွေအများကြီးရပြီး ငရဲကလွတ်​တယ်​တဲ့ အဲဒါ​ကြောင့်​ သားတို့က ​ဖေနဲ့ daddyကို ကုသိုလ်​ရ​စေချင်​လို့ပါ"

"သားသားရယ်​"

ဆုလာဒ်​လည်း သားသားကို ​ပွေ့ချီပြီး ပါး​လေးကိုနမ်းလိုက်​မိ​တော့တယ်

"ဒကာကြီးတို့ ကိုရင်​ ​ကျောင်း​ပေါ်ပြန်​ကြွ​တော့မယ်​ ခနခန မလာပါနဲ့ ဆရာ​တော်​က ကိုရင်​တို့ကို တရားထိုင်​ခိုင်းမယ်​ ​ပြောထားတာဆို​တော့ လာလည်း ​တွေ့ချင်​မှ​တွေ့မှာ မလို့ပါ"

သင်္ကန်းဝတ်​​လေးနဲ့ သားသားက အရမ်းကိုကြည်​ညိုဖို့​ကောင်းလွန်းတယ်​ မျက်​လွှာ​လေးချထားပြီး အရမ်းကို တည်​ငြိမ်​​နေတဲ့ ကိုရင်​​လေး​ကြောင့်​ ဆုလာဒ်​နဲ့ ကိုကြီးမှာ မျက်​ရည်​​တောင်​ကျမိ​တော့တယ်

mysterious fateWhere stories live. Discover now