အခန်း(58)

20.1K 1.6K 22
                                    

Operation room ပွင့်​လာတာ​ကြောင်​ ဦးစဝ်​သိခါင်္ တို့ ဆရာဝန်​ဆီအ​ပြေးသွားလိုက်​ကြတယ်

"သား အ​ခြေအ​နေ"

"သခင်​​လေးရဲ့ ခွဲစိတ်​မှု ​အောင်​မြင်​ပါတယ်​ သခင်​ကြီး သခင်​​လေးက သတိရှိ​တော့ ​ခေါင်းကိုကြီးကြီးမားမားမထိခိုက်​သွားတာ က ကံ​ကောင်းမှုတခုလို့​ပြောရမှာပါပဲ"

"​တော်​​သေးတာ​ပေါ့ ​ကျေးဇူးတင်​ပါတယ်​ ​ဒေါက်​တာ ဘယ်​အချိန်​​လောက်​ သတိပြန်​ရနိုင်​မလဲ ​ဒေါက်တာ"

"​မေ့​ဆေးပြယ်​တာနဲ့ သတိပြန်​ရမှာပါ ဒါပင်​မယ့်​ လှုပ်​လှုပ်​ရှားရှားလုပ်​လို့အဆင်​မ​ပြေ​သေးပါဘူး သခင်​​လေးက အပြင်​ပိုင်းထိခိုက်​မှုဒဏ်​ရာ​တွေက နည်းနည်းများလို့"

"ဟုတ်​ကဲ့ပါ ​ကျေးဇူးတင်​ပါတယ်​"

"ရပါတယ်​ ဒါက ကျွန်​​တော်​တို့တာဝန်​ပါ"

အဲအချိန်​မှာပဲ ​နောက်​ထပ်​ operation room ပွင့်​လာပြီး​တော့ သူနာပြုဆရာမ နှစ်​​ယောက်​နဲ့ ​ဒေါက်​တာ​တေးသံသာတို့ ထွက်​လာတာ​တွေ့လိုက်​ရတယ်

သူနာပြုဆရာမနှစ်​​ယောက်​လက်​က က​လေး​လေးနှစ်​​ယောက်​ကို ​ပွေ့ချီလာရင်း သခင်​ကြီးတို့ဆီ​လျှောက်​လာကြတယ်

"သားငယ်​​လေး သားငယ်​​လေး​ရော"

" သခင်​ငယ်​​လေးက operation လုပ်​​နေတုန်းမှာပဲ နှလုံးခုန်​ရပ်​သွားတာ​ကြောင့်​ opetation အချိန်​ကြာသွားပါတယ်​"

"​ခု​ရော သားငယ်​​လေး"

"အသက်​အန္တရာယ်​​တော့ မရှိ​တော့ပါဘူး ဒါပင်​မယ့်​ သတိရဖို့က​တော့ သခင်​ငယ်​​လေးရဲ့ ကံတရားပါပဲ ​တောင်းပန်​ပါတယ်​"

"​မေမီ ​မေမီ"

မူးလဲမလိုဖြစ်​သွားတဲ့ ​ဒေါ်​မေမီလင်း ဦးဖြိုး​တေဇက ​ထိန်းထားလိုက်​ရတယ်

"​မေမီ သားငယ်​​လေးက ပြန်​နိုးလာမှာပါ"

"ဟုတ်​ပါတယ်​ အမရယ်​ သားငယ်​​လေး ပြန်​သတိရလာမှာပါ ​မြေး​လေး​တွေကို အကြာကြီးပစ်​မထား​လောက်​ပါဘူး"

mysterious fateWhere stories live. Discover now