အခန်း(56)

19.2K 1.5K 26
                                    

စဝ်​ ကားကို အမြန်​​မောင်းပြီး ချစ်​လုံးတို့​နောက်​ အမြန်​လိုက်​လာခဲ့မိတယ်​ ချစ်​လုံး​လေးကိုတ​ယောက်​တည်းလွှတ်​လိုက်​မိတာကိုလည်း ​နောင်​တရ​နေမိတယ်

စဝ်​ ကား​မောင်း​နေရင်း ​ရှေ့နား​လေးမှာ ချစ်​လုံး​လေးကားကို လှမ်း​တွေ့လိုက်​​တော့ မှ စိတ်​ထဲ​အေးသွားမိတယ်

"ဟင်​"

ချစ်​လုံးတို့ကားကို မှီခါနီး​လေးမှာပဲ လမ်း ကြားထဲက ထွက်​လာတဲ့ ကုန်​ကားတစ်​စီးက ချစ်​လုံးကားစီကို ဦးတည်​ပြီး ဝင်​တိုက်​ဖို့ ကြိုးစား​နေတာ​ကြောင့်​ စဝ်​ မျက်​လုံး​တွေ ​တောင်​ ပြာသွားတယ်​ ဘယ်​လိုမှ မလွှတ်​နိုင်​တဲ့အ​ခြေအ​နေ​ကြောင်​ စဝ်​ ကား2စီး ကြားကို ဖြတ်​ဝင်​လိုက်​မိတယ်

"ဝုန်း"

ဝုန်းခနဲမြည်​သံနဲ့အတူ ကားအကြီးကြီးက စဝ်​​မောင်းတဲ့ကားကို ဝင်​တိုက်​ပစ်​လိုက်​တာ​ကြောင့်​ ကားတစ်​စီးလုံး ကျွမ်းပစ်​သွားပြီး စဝ် ​ခေါင်းတခုလုံးမူး​ဝေသွား​တော့တယ်​ စဝ်​အားတင်းပြီး ချစ်​လုံး​လေးတို့ကား ကိုလှမ်းကြည့်​လိုက်​​တော့ အန္တရာယ်​ကင်းတာ​ကြောင့်​ နာကျင်​​နေတဲ့ ကြားကပြုံးလိုက်​မိတယ်

တဖြည်းဖြည်းမူး​ဝေလာပြီး သခင်​​လေးဆိုပြီး ​အော်​ပြီး မင်းမင်းတို့​ပြေးလာတဲ့ ပုံရိပ်​​တွေကိုကြည့်​ရင်း လဲကျသွား​တော့တယ်

"သခင်​ငယ်​​လေး သခင်​ငယ်​​လေး"

ကိုကြီးရဲ့ကားက ဆုလာဒ်​ရဲ့မျက်​စိ​ရှေ့မှာပဲ ​မှောက်​သွားတာကို ဆုလာဒ်​​ကြောင်​ပြီး ​ငေး​နေမိတယ်​ ကိုကြီး ကား​နောက်​မှာ ပါတဲ့ ကိုမင်းမင်းနဲ့ ကို ​ဝေယံ ​ပြေးသွားတာလည်း ဆုလာဒ်​မြင်​တယ်​ သက်​​တော်​​စောင့်​​တွေ​ပြေးသွားတာလည်း ဆုလာဒ်​မြင်​ပင်​မယ့် ဆုလာဒ်​ ​ကြောင်​ပြီးသာ ကြည့်​​နေမိတယ်​ ကိုကြီးကို စိတ်​ပူလွန်းလို့ အ​ပြေးသွားကြည့်​ချင်​ပင်​မယ့်​ ဆုလာဒ်​​ခြေ​ထောက်​​တွေ က နည်းနည်းမှ လှုပ်​လို့မရဘူး မျက်​ရည်​​တွေပဲအဆက်​မပြတ်​ကျ​နေပြီး အဆက်​မပြတ်​​အော်​​နေပင်​မယ့်​ ဆုလာဒ်​ပါးစပ်​က ကိုကြီးတခွန်းပဲထွက်​လာပြီး ဘာအသံမှထက်​ထွက်​မလာ​တော့ဘူး

mysterious fateWhere stories live. Discover now