Extra-3

15.1K 1K 21
                                    

ပိတ်​စအဖြူ​ပေါ်ကို တဖွားဖွား ကျလာတဲ့ ဆံပင်​​လေး​တွေကိုကြည့်​ပြီး ဆုလာဒ်​ မျက်​ရည်​ဝဲမိတယ်
ကိုကြီးလည်း ဆုလာဒ်​လို မျက်​ရည်​​တွေဝဲပီး ပြုံး​နေတာ​ကြောင့်​ ကိုကြီးဘယ်​​လောက်​​တောင်​​ပျော်​​နေလဲ သိသာလွန်းတယ်​ ဒီ​နေ့က ဆုလာဒ်​နဲ့ ကိုကြီးရဲ့ သားသား​ နဲ့ မီးမီးကို သာသနာ့​ဘောင်​ကို သွတ်​သွင်းတဲ့​နေ့​လေးလဲ

ကိုကြီးရဲ့​မွေး​နေ့ဖြစ်​တဲ့ April 13ရက်​​နေ့မှာ သားသားနဲ့ မီးမီးက daddyကို သာသနာ့ ဒါယိကာခံခိုင်းပြီး ​မွေး​နေ့လက်​​ဆောင်​အဖြစ်​​ပေးခဲ့တယ်​​လေ

ကိုကြီး​မွေး​နေ့မတိုင်​ခင်​တပါတ်ခန့်​က

"ကိုကြီး​မွေး​နေ့​ရောက်​​တော့မယ်​​နော်​"

"အင်း ဒီနှစ်​သင်္ကြန်​ကို ဘယ်​သွားချင်​လဲ ချစ်​လုံး​လေး"

"သားနဲ့ သမီးကို ​မေး​လေ သူတို့က သင်္ကြန်​ဆို အရမ်း​ပျော်​တတ်​တာ အရမ်းလည်းကဲကြတာ""

"ကိုယ့်​ရဲ့က​လေး​လေးက သင်္ကြန်​မှာ သိပ်​မကဲဘူး​ပေါ့​လေ"

ကိုကြီးက ဆုလာဒ်​ရဲ့ နှာ​ခေါင်းကို လက်​နဲ့ ထိရင်း စလိုက်​​တော့ ဆုလာဒ်​ပြုံးလိုက်​မိတယ်​ သားသားတို့ 4နှစ်​​လောက်​ကတည်းက ဆုလာဒ်​တို့က က​လေး2​ယောက်​ဆွဲပြီး သင်္ကြန်​မှာ အပီအပြင်​ကဲ​နေကြဆိုတာကို သိ​တော့ ကိုကြီးက ဆုလာဒ်​ပြုံးပြီးရီ​နေတာ​လေ

"ချစ်​လုံးတို့က​လေး​လေး​တွေ​တောင်​ 6နှစ်​ပြည့်​​တော့မယ်​​နော်​ ကိုကြီး"

"အင်း သားသားတို့ ​မွေး​နေ့ပြီးရင်​ ကိုယ်​တို့ရဲ့ မျိုးနွယ်​စု​ခေါင်း​ဆောင်​ ဆက်​ခံပွဲလည်းရှိ​သေးတယ်​"

"​ပေါ့နဲ့ မယ်​မယ်​က ကိုကြီးကို ဘာလို့​စော​စောစီးစီး ဆက်​ခံ​စေချင်​တာလဲမသိဘူး ကိုကြီးတို့ အလုပ်​များ​တော့မယ်​"

"ကိုကြီးက အလုပ်​များလဲ ချစ်​လုံး​လေးကို အချိန်​​ပေးမှာပါ"

"Daddy ​ဖေ"

ခြံထဲမှာ စက်​ဘီးစီးပြီးတာနဲ့ မီးမီးက ဆုလာဒ်​တို့ဆီ​ပြေးလာ​တော့တယ်

mysterious fateWhere stories live. Discover now