အခန်း(5)

34.3K 2.9K 82
                                    


"အား.....မဖြစ်​နိုင်​တာကြီး အစ်​ကိုကိုလက်​ထပ်​ရမယ်​ဟုတ်​လား ​ယောက်​ကျားချင်းကြီး ကြက်​သီး​တောင်​ထလာပြီ "

ဆုလာဒ်​ ​ဖေနဲ့​မေ ​ပြောတဲ့ စကား​ကြောင့်​ ထိုင်​ရာက​နေ ထလိုက်​မိပြီး​အော်​လိုက်​မိတယ်

"သားသား"

"​မေ သားကဒီအတိုင်း​နေမ​ကောင်းဖြစ်​တာပါ လက်​ထပ်​စရာမလိုပါဘူး ခုကြည့်​ သား​နေပြန်​​ကောင်း​နေပြီ​လေ"

"​မေတို့လည်း မယုံချင်​ပါဘူး သားသားရယ်​ မနက်​ကထိ အိပ်​ရာထဲကမထနိုင်​တဲ့ သားက ခု 3နာရီ​လောက်​ သားစဝ်​မင်းမာန်​ခနဲ့ အတူအိပ်​လိုက်​တာ သားခုလို ​နေ​ကောင်းသွားတယ်​​လေ"

"အတူအိပ်​တာဟုတ်​ပါဘူး ဒီအတိုင်း​"

"အဲဒါဆိုလည်း လက်​မထပ်​​တော့ဘူး​လေ ခုလိုပဲတ​နေ့3နာရီ​လောက်​ အစ်​ကိုကအချိန်​​ပေး​ပေါ့ အဲဒါဆို အဆင်​​ပြေတာပဲ ကျိန်​စာမိတာဆိုရင်​ "

"ခုချိန်​က ကျိန်​စာကအစမလို့ အဲ​လောက်​နဲ့သက်​သာသွားပင်​မယ့်​ ​နောက်​အကြိမ်​​တွေဆိုရင်​ အဲ​လောက်​နဲ့ရမှာမဟုတ်​ဘူး သားငယ်​​လေး ကျိန်​စာကတရက်​ထက်​တရက်​ ပိုပြင်းထန်​လာမှာ"

ဦးစဝ်​သင်္ခါ စကား​ကြောင့်​ ဆုလာဒ်​ထိုင်​သာငိုချင်​မိ​တော့တယ်

"ဒါဆို က​လေး မ​မွေးရင်​ တသက်​လုံး ကပ်​ခွာလို့ အစ်​ကိုနဲ့အတူ​နေရမှာ​ပေါ့ မိန်းမလည်း ယူလို့မရ​တော့ဘူး​ပေါ့"

်"ဟုတ်တယ်​​သားငယ်​​လေး"

"ဒါဆို ညီအစ်​ကိုလို တအိမ်​တည်း​နေမယ်​​လေ အဲလိုဆိုအစ်​ကိုနဲ့လည်း ​နေ့တိုင်း​တွေ့ရမယ်​ အဆင်​​ပြေပြီ​လေ"

"ဟုတ်​သားပဲ အဲလိုဆို အဆင်​​ပြေသားပဲ "

ဦးဖြိုး​တေဇ ​ထောက်​ခံသလို​ပြောလိုက်​မိတယ်​ သူလည်း သူ့သား​လေးကို ​ယောက်​ကျားတ​ယောက်​နဲ့ ဘယ်​လိုမှ သ​ဘောမတူနိုင်​ဘူး

"တကယ်​​တော့ ကျွန်​​တော်​တို့လည်းအဲလိုစဉ်းစားမိပါတယ်​ ဒါပင်​မယ့်​ ကျွန်​​တော်​တို့မျိုးနွယ်​ဆက်​ခံသူရဲ့ ​သွေး​ရောသူကို ကျွန်​​တော်​ဘိုး​ဘေး​တွေဆီမှာ ပြတဲ့အခမ်းအနားလုပ်​​ပေးရတယ်​ အဲအခမ်းအနားကို ကျွန်​​တော်​တို့ ​ဟော်​နန်းရဲ့ ကန်​​တော့ခန်းမှာလုပ်​ရတာ အဲအခန်းကို ကျွန်​​တော်​တို့ မျိုးနွယ်​စုနဲ့သက်​ဆိုင်​သူ​တွေပဲဝင်​ရတယ်​"

mysterious fateWhere stories live. Discover now