အခန်း(1)

74.1K 3.7K 19
                                    


"မဖြစ်​နိုင်​တာ ဘယ်​လိုမှမဖြစ်​နိုင်​တဲ့ ကိစ္စကြီးကို ခင်​ဗျားရူး​နေလား"

"ခုချိန်​မှာ ဦးဖြိုး​တေဇအ​နေနဲ့ လက်​မခံနိုင်​ဘူး ဆိုတာနားလည်​ပါတယ်​ ဒါပင်​မယ့်​ ကျွန်​မခု​ပြော​နေတာ​တွေကအမှန်​တရား​တွေပါ ကျွန်​မတို့အ​နေနဲ့လည်း ကျွန်​မတို့မျိုးနွယ်​ကိုဆက်​ခံ မယ့်​ သား​လေးကို​ယောက်​ကျားတ​ယောက်​နဲ့ လက်​ဆက်​​စေချင်​ပါ့မလား ဒါပင်​မယ့်​ က​လေးနှစ်​​ယောက်​ရဲ့အသက်​အန္တရယ်​နဲ့သက်​ဆိုင်​​နေ​တော့"

ဒေါ်မြတ်​မာလာနွယ်​ တ​ယောက်​ စကား​ပြောရင်း သက်​ပြင်းသာ ချလိုက်​မိတယ်

"​လောကမှာထူးဆန်းတဲ့အရာ​တွေအများကြီးရှိ​နေတယ်​ အထူသဖြင့်​ ဘယ်​လိုမှ ယုံနိုင်​ဖို့မဖြစ်​နိုင်​တဲ့ကျိန်​စာမျိုး​တွေ​ပေါ့ သူမတို့မျိုနွယ်​ အထူးသဖြင့်​ ခင်​ပွန်းဖြစ်​တဲ့ ဦးစဝ်​သင်္ခါ တို့ရဲ့မျိုးနွယ်​မှာ ထူးဆန်းတဲ့ကျိန်​စာတခုကမျိုးရိုးစဉ်​ဆက်​ သက်​​ရောက်​​နေတာမျိုး​ပေါ့ အဲကျိန်​စာဘယ်​ကဘယ်​က​နေ​ပေါ်​ပေါက်​လာလဲ မသိပင်​မယ့်​ သိသ​လောက်​ မျိုးရိုးဆယ်​ဆက်​တိုင်​တိုင်​ အဲကျိန်​စာကိုခံစား​နေရတာပါပဲ"

ခုလည်း သား​ဘေး​ပေါ်မှာကျိန်​စာကစတင်​အသက်​ဝင်​​နေပြီမလို့ တခြားမိသားစုတခုရဲ့အဖိုးတန်​သား​လေးကို လက်​ထပ်​ဖို့ လာ​တောင်း​နေရတာ​ပေါ့

"ဒါဆို ​ဒေါ်မြတ်​မာလာနွယ်​​ပြောချင်​တာက ကျွန်​​တော်​သားက ခင်​ဗျားသားကို လက်​မထပ်​ဘူးဆိုရင်​ ​သေဆုံးမယ်​လို့​ပြော​နေတာ​ပေါ့ မဖြစ်​နိုင်​တာကြီးဗျာ"

"ဖြစ်​နိုင်​ လားမဖြစ်​နိုင်​လားဆိုတာ ဦးဖြိုး​တေဇကပိုသိမှာပါ ခု သားဖြိုးဆုလာဒ်​ ​နေမ​ကောင်းဘူးမလား အဲဒါလည်း ဘာ​ရောဂါမှန်း​သေချာမသိပဲနဲ့​လေ"

"ဒါဆိုအဲကျိန်​စာဆိုတာ​ကြောင့်​ သားငယ်​​လေ​နေမ​ကောင်းဖြစ်​​နေတာလား "

"ဟုတ်​တယ်​အမ ​မေမီလင်း"

"အစ်​ကို ​မေမီတို့သား​လေးကိုဘယ်​လိုလုပ်​ကြမလဲ"

mysterious fateWo Geschichten leben. Entdecke jetzt