အခန်း(49)

20.6K 1.7K 21
                                    

ဆုလာဒ်​တို့ ကားသုံးစီးက အစည်းအ​ဝေးကျင်းပတဲ့ ​ဟော်​နန်းစီကို ဦးတည်​ထွက်​လာလိုက်​တယ်​ ​ဟော်​နန်းနဲ့ အိမ်​​တော်​က တမိုင်​​လောက်​ ပဲ​ဝေးတာ​ကြောင့်​ ဆုလာဒ်​တို့မကြာခင်​​ရောက်​မယ်​ဆိုတာ သိပင်​မယ့်​ ဆုလာဒ်​ စိတ်​ထဲမှာ ​မောင်းတဲ့ကားက ​နှေး​နေသလိုပဲ

"သခင်​ငယ်​​လေး ဟိုမှာ သခင်​​လေး သက်​​တော်​​စောင့်​ကား"

ဆုလာဒ်​တို့ ​ဟော်​နန်းမ​ရောက်​ခင်​ လက်​တဝက်​မှာ မနက်​က ကိုကြီးနဲ့ ပါသွားတဲ့ သက်​​တော်​​စောင့်​ကားက လမ်း​ဘေးမှာ ရပ်​ထားတာကို​တွေ့လိုက်​ရတယ်​ ဆုလာဒ်​ ကား​ပေါ်ကဆင်းပြီး ကားရှိတဲ့​နေရာကို အမြန်​​ပြေးသွားလိုက်​မိတယ်

"သခင်​ငယ်​​လေး အန္တာရယ်​ရှိပါတယ်​ "

ကား​ပေါ်မှာ ကိုကြီးရဲ့သက်​​တော်​​စောင့်​အဖွဲ့ရဲ့ ဒု​ခေါင်း​ဆောင်​ ခန့်​ညီနဲ့ တခြားသက်​​တော်​​စောင့်​နှစ်​​ယောက်​က ကား​ပေါ်မှာ လဲ ကျ​နေတာကို​တွေ့လိုက်​ရတယ်

"ကိုခန့်​ညီ ကိုခန့်​ညီ"

"သ သခင်​ငယ်​​လေး သခင်​​လေး လုပ်​ကြံခံရတယ်​"

"ကိုကြီး​ရော"

"လူတအားများလို့ သခင်​​လေးတို့ထွက်​​ပြေးခိုင်းလိုက်​ပြီး ကျွန်​​တော်​တို့ကာထားလိုက်​တာ သခင်​​လေး​နောက်​အမြန်​လိုက်​သွားပါ သခင်​​လေးအန္တရာယ်​ရှိ​နေပြီ"

"ကိုကြီးတို့ ဘယ်​ဖက်​ကိုသွားလဲ"

"​ဟော်​နန်းဖက်​ကိုပါ သခင်​ငယ်​​လေး"

"အစ်​ကို မိုးတိမ်​ယံ တ​ယောက်​ထားခဲ့ပီး ကိုခန့်​ညီတို့ကို​ဆေးရုံ ပို့ခိုင်းလိုက်​ ကျန်​တဲ့လူ​တွေ ​ဟော်​နန်းဖက်​သွားမယ်​"

ဆုလာဒ်​တို့ ကား ​ဟော်​နန်းထိ​ရောက်​လာခဲ့ပင်​မယ့်​ ကိုကြီးကားကို မ​တွေ့တာ​ကြောင့်​ ဆုလာဒ်​ ဘာလုပ်​ရမှန်းမသိဖြစ်​​နေ​တော့တယ်

"ကိုမိုးတိမ်​ယံ ​ဟော်​နန်းမ​ရောက်​ခင်​ တခြားဘယ်​လမ်းရှိ​သေးလဲ"

"​ဟော်​နန်းမ​ရောက်​ခင်​ လက်​ဖက်​စိုက်​ခင်း​တွေ ဖက်​သွားတဲ့ လမ်းရှိတယ်​ သခင်​ငယ်​​လေး"

mysterious fateWhere stories live. Discover now