အခန်း(6)

33.9K 2.5K 14
                                    


အဖြစ်​အပျက်​များမစတင်​ခင်​ လွန်​ခဲ့​သော 5လခန့်​က

"​ဖေ ​မေ ​ရေ မြန်​မြန်​လုပ်​ သား​နောက်​ကျ​နေပြီ"

"ကိုယ့်​ဘာသာ သာမြန်​မြန်​လုပ်​စမ်းပါ ဖြိုးဆုလာဒ်​ ရယ်​"

"မမကြီးကလည်း သားကပြီးပါပြီ ​မေ တို့​နောက်​ကျ​နေမှာစိုးလို့"

ဒီ​နေ့က ဆုလာဒ်​တက္ကသိုလ်​ ​ကျောင်းသား စဖြစ်​​တဲ့​နေ့လို့ ​ပြောရမှာ​ပေါ့ ငယ်​ငယ်​ကတည်းက ကွန်​ပြူတာ အင်​ဂျင်​နီယာ ဖြစ်​ချင်​တဲ့ဆန္ဒ​ကြောင့်​ 10တန်းတုန်းက အမှတ်​မှီ​အောင်​ လုပ်​ခဲ့ရတာ တိုက်​တိုက်​ဆိုင်​ဆိုင်​ ဆုလာဒ်​တို့ 10 တန်းနှစ်​မှာ ရန်​ကုန်​နည်းပညာတက္ကသိုလ်​(YTU) ကြီး ပြန်​ဖွင့်​မယ်​ လို့ကြားတာ​ကြောင့်​ ဆုလာဒ်​မှာ တက်​ချင်​လွန်းလို့ ကြိုးစားခဲ့ရတာ​သေမတက်​ပဲ​လေ အဲ​ကျောင်းကြီးက ပိတ်​ထားတာကြာပြီ​လေ ဆုလာဒ်​ တို့ ကပြန်​ဖွင့်​ပြီး​နောက်​ ပထမဆုံးတက်​ခွင့်​ရတဲ့ ​ကျောင်းသား​တွေဖြစ်​​တော့မှာဆို​တော့ ​ကျောင်းသွားဖို့အရမ်းကို တက်​ကြွ​နေ​တော့တယ်

ဆုလာဒ်​က first year စတက်​မှာဆို​တော့ မိဘကလိုက်​အပ်​မှ အဆင်​​ပြေမှာ​လေ အဲဒါ​ကြောင့်​ တအိမ်​လုံး ဆုလာဒ်​အသံကြီးက ဖုံးလွှမ်း​နေတာ​ပေါ့

"သားငယ်​​လေး တခုခုစားအုံး​လေ ဟိုကျ ကြာ​နေရင်​ဗိုက်​ဆာ​နေမယ်​​လေ"

"မမလတ်​ကလည်း စား​တော့ဘူး ဗိုက်​ဆာရင်​ canteenမှာ ဝယ်​စားလိုက်​မယ်​ "

"သားငယ်​​လေးတို့​ကျောင်းက ခုမှဖွင့်​တာဆို canteenတို့ဘာတို့က မရှိရင်​ ဘယ်​လိုလုပ်​မလဲ"

"မမလတ်​ကလည်း master တန်းတို့ phdတန်းတို​ဖွင့်​ထားတာ 2နှစ်​​လောက်​​တောင်​ ရှိပြီတဲ့ YTU canteenကအစားအ​သောက်​​ကောင်းတယ်​လို့ ရတီက​ပြောတာပဲ"

ရတီကဆုလာဒ်​ရဲ့ ငယ်​သူငယ်​ချင်း 2​ယောက်​ထဲကတ​ယောက်​​ပေါ့ ​မေ က​တော့ အရွယ်​​ရောက်​ရင်​ ရတီနဲ့​ပေးစားမယ်​လို့​တော့ ​ပြောတာပဲ ရတီကလည်း ​ချော​ချောလှလှ​လေးဆို​တော့ ဆုလာဒ်​က အားနာပါးနာ​တောင်​ ​မေ တို့ကိုမငြင်း ပါဘူး ဆုလာဒ်​က ​ချော​ချော လှလှ​လေး​တွေဆို အရမ်းကြိုက်​တာ​လေ အဲဒါ​ကြောင့်​လည်း ဇာတ်​ကားကြည့်​ရင်​​တောင်​ တရုတ်​တို့ ကိုးရီးယားကားတို့ ပဲကြည့်​တာ

mysterious fateWhere stories live. Discover now