အခန်း(22)

26.2K 2.4K 56
                                    

"အစ်​ကို အစ်​ကိုဘာ​ပြောလိုက်​တယ်​"

"ကိုယ်​ မင်းကိုချစ်​တယ်​လို့​ပြောလိုက်​တာ​လေ"

ညိုလုံး​လေးက နားမလည်​သလို သူ့မူပိုင်​မျက်​လုံးဝိုင်းဝိုင်း​လေးနဲ့​မော့ကြည့်​လာပြန်​တယ်​ အဲမျက်​လုံးဝိုင်းဝိုင်း​လေးက စဝ်​ ညိုလုံး​လေး​ပေါ် ကျဆုံး​စေတဲ့အ​ကြောင်းပြချက်​​တွေ​လေ

"အစ်​ကိုက လာစ​နေပြန်​ပြီ ကျွန်​​တော်​စိတ်​ဆိုး​နေတာ​နော်​ မစနဲ့​တော့"

စဝ်​ ညိုလုံး​လေးရဲ့လက်​​မောင်းနှစ်​ဖက်​ကိုဆုပ်​ကိုင်​လိုက်​ပြီး

"ဒီမှာ ကိုယ့်​မျက်​လုံး​တွေကိုကြည့်​ ကိုယ့်​ပုံစံကစ​နေတဲ့ပုံစံ​ပေါ်​နေလို့လား"

ညိုလုံး​လေးက စဝ်​ မျက်​နှာကို ​ စဉ်းစားရခက်​တဲ့ပုံစံ​လေးနဲ့ ​ငေး​မောကြည့်​​နေတယ်

"ဒီလက်​စွပ်​ကိုကြည့်​"

အစ်​ကိုက ကန့်​​တော့်​ခန်းတုန်းက ​ပေါ့နဲ့ မယ်​ကဝတ်​​ပေးလိုက်​တဲ့ သူတို့ရဲ့မင်္ဂလာဦးလက်​စွပ်​​လေးကို ကြည့်​ခိုင်းတာ​ကြောင့်​ ဆုလာဒ်​အစ်​ကို့လက်​ကို​ငေးကြည့်​လိုက်​မိတယ်​ လက်​စွပ်​က ​ရွှေ​ရောင်​မှာ ပတ္တမြားအ​သေး​လေး​တွေမြှပ်​နှံထားတဲ့ ဒီဇိုင်းပုံစံ​လေး လက်​စွပ်​က ဆုလာဒ်​လို ​ကျောက်​အ​ကြောင်းမသိတဲ့လူ​တောင်​ သိန်း​ပေါင်းများစွာ တန်​မယ်​လို့ခန်​မှန်းမိတယ်

"ဒီလက်​စွပ်​က ကိုယ်​တို့မျိုးနွယ်​ရဲ့ဖူးစာ​ရေးလက်​စွပ်​ တနည်းအားဖြင်​ ချစ်​ခြင်း​မေတ္တာ​တွေရှိ​နေမှာ ဒီလက်​စွပ်​က ဝတ်​လို့ရတာ"

"ချစ်​ခြင်း​မေတ္တာ​တွေရှိ​နေမှ အဲဒါက"

"ညီ သတိထားမိလားမသိဘူး ညီ့ကိုမယ်​မယ်​က လက်​စွပ်​ စွပ်​​ပေးတဲ့အချိန်​ လက်​စွပ်​ကညီနဲ့ကွက်​တိ​တော်​​နေတယ်​​လေ"

"ဟုတ်​တယ်​ ကျွန်​​တော်​​တောင်​အံ့သြ​နေတာ မယ်​မယ်​နဲ့ကျွန်​​တော်​ကလက်​အတိုင်းတူ​နေတာလားလို့"

"ဒီလက်​စွပ်​ရဲ့ထူးခြားချက်​က လက်​စွပ်​ဝတ်​မယ့်​လူ2​ယောက်​မှာ နှစ်​​ယောက်​လုံးကဖြစ်​​စေ တ​ယောက်​ကဖြစ်​​စေ ချစ်​ခြင်း​မေတ္တာပြည့်​ဝ​နေတယ်​ဆိုရင်​ ဒီလက်​စွပ်​ကို ဝတ်​လို့ရတယ်​ မယ်​နဲ့​ပေါ့​တောင်​ ဒီလက်​စွပ်​ကို အိမ်​​ထောင်​ကျပြီ6းလ​လောက်​​နေမှဝတ်​လို့ရတာ"

mysterious fateTempat cerita menjadi hidup. Temukan sekarang