အခန်း(7)

28.7K 2.2K 10
                                    

Zawgyi
"ကိုမင်း ဘာဖြစ်​လို့လဲ"

ဘေးနားက အသံ​ကြောင့်​ ဆုလာဒ်​ ​ခြေ​ထောက်​ဖြူဖြူ​လေးကို ငမ်း​နေရာမှ အလျင်​အမြန်​ ​တောင်းပန်​လိုက်​မိတယ်

"Sorry ပါ ကျွန်​​တော်​မမြင်​လိုက်​လို့ လူ​တွေကတအားများ​နေလို့ ကျွန်​​တော်​ ဘာလုပ်​​ပေးရမလဲ "

"ရတယ်​ ညီ မ​တော်​တဆပဲကို"

Wow ​ခြေ​ထောက်​​လေးကလှသလို အသံကလည်း တကယ်​မိုက်​ ဆုလာဒ်​စိတ်​ထဲ​နေ အမှတ်​​ပေးလိုက်​ပြီး လူကို​မော့ကြည့်​လိုက်​မိတယ်

Wow ​ရေ​ရေလည်​လည်​ သန့်​တဲ့ဘဲကြီးပဲ

အရပ်​ 6​ပေ 2​လောက်​နဲ့ အသားကဖြူဝင်း​နေပြီး လက်​ကတုံးလက်​ရှည်​ အဖြူ ပုဆိုးနက်​ပြာကို ကတ္တီပါဖိနပ်​ နက်​ပြာ​လေး စီးထားတဲ့ သူ့​ရှေ့က အစ်​ကိုကြီးကို ဖြိုးဆုလာဒ်​  မျက်​​တောင်​​တောင်​ မခတ်​ပဲ​ငေး​နေလိုက်​မိတယ်

တကယ်​ဆို သူဖြစ်​ချင်​တာ ​ရှေ့က အစ်​ကိုကြီးလိုပုံစံမျိုး ခု​တော့ ဆုလာဒ်​က အသားညိုညို အရပ်​က 5​ပေ 6နဲ့ ပုပုလုံးလုံး ​လေးဖြစ်​​နေတာ​လေ အရမ်း​တွေအားကျ​နေပါပြီ

"Prize ​ဟေ.​ကောင်​ "

"ဟင်​ ဇာနည်​"

ဆုလာဒ်​ဘယ်​​လောက်​​တောင်​ ​တွေး​နေမိလဲ မသိဘူး ​ရှေ့က အစ်​ကိုကြီး​တောင်​ထွက်​သွား ပြီ​လေ

"Prize နင်​နဲ့ ခုနကစကား ​ပြော​နေတာ ကိုစဝ်​မင်းမာန်​ခမလား အမ​လေး ငါ့ရဲ့crushကြီး "

"ခုနက လူက ဘယ်​သူ"

"ကိုစဝ်​မင်းမာန်​ခ​လေ ငါဒီ​ကျောင်းကိုတက်​တာ အဲအစ်​ကိုကြီး​ကြောင့်​ အဲအစ်​ကိုက TUတက်​ကတည်းက​ အရမ်းနာမည်​ကြီးတာ အရမ်း​ချောသလို စာလည်းအရမ်း​တော်​တာ ရှမ်း​စော်​ဘွားမျိုး ရိုး မလို့ ချမ်းသာလိုက်​တာ​ပြောမ​နေနဲ့ "

ရတီက အားရပါးရ​ပြော​နေတာကို ဆုလာဒ်​စိတ်​ဝင်​တစား နား​ထောင်​​နေမိတယ်

"​တော်​​တော်​​တော့ မိုက်​တယ့်​ ဘဲကြီးပဲ"

ဇာနည်​​ပြောတာကို ဆုလာဒ်​​ခေါင်းညိမ့်​ပြီသာ လက်​ခံလိုက်​တယ်

mysterious fateWhere stories live. Discover now