အခန်း(19)

26.9K 2.4K 65
                                    

ရိုးရာကန့်​​တော်​ခန်း

ည​နေပိုင်း​လောက်​ကို အစ်​ကိုက ဆုလာဒ်​ကို သူတို့​ဟော်​နန်းရဲ့ ရိုးရာကန့်​​တော့ခန်းကို ​ခေါ်လာလိုက်​တယ်​ အစ်​ကိုတို့က ​ဟော်​နန်းမှာရှိတဲ့ ​ရှေး​ဟောင်းလက်​ရာ​တွေ ​ပျောက်​ပျက်​သွားမှာစိုးလို့ ​ဟော်​နန်းမှအ​စောင့်​​တွေ​လောက်​သာထားပြီး ​ဟော်နန်းနဲ့တမိုင်​​လောက်​​ဝေးတဲ့​နေရာမှာ ခုအိမ်​​တော်​ကို တည်​​ဆောက်​ထားတယ်​ ဆိုတာ သိလိုက်​ရတယ်​ ​ဟော်​နန်းကို ပွဲ​တော်​ရှိတဲ့​နေ​လောက်​သာ ​ဟော်​နန်းနဲ့ဆက်​နွယ်​သူသာဝင်​ခွင့်​​ပေးပြီး ကျန်​တဲ့အချိန်​က ​ဟော်​နန်းကို ဒီအတိုင်း​လေးပိတ်​ထားတတ်​တယ်​လို့ အစ်​ကိုကဆုလာဒ်​ရဲ့လက်​ကို ကိုင်​ပြီးရှင်းပြ​နေတာ​ကြောင့်ဆုလာဒ်​ငြိမ်​ငြိမ်​​လေးနား​ထောင်​​နေမိတယ်​ ​ကျောင်းတက်​ကတည်း ကအစ်​ကိုက ဆုလာဒ်​ ရဲ့ လက်​​ဖောင်း​ဖောင်း​လေးကို ချစ်​လို့ဆိုပြီး အမြဲဆုပ်​ကိုင်​တတ်​တာ​ကြောင့်​ အစ်​ကိုခုလို လက်​ကိုဆွဲထားတာ ဆုလာဒ်​အတွက်​​တော့ ထူးဆန်းတယ်​လို့မခံစားမိပါဘူး ဒါပင်​မယ့်​ ​ဟော်​နန်းကအ​စောင့်​​တွေက ဆုလာဒ်​တို့ကို အထူးအဆန်းကြည်​​နေကြတာ​ကြောင့်​ ဆုလာဒ်​မျက်​နှာ​တွေ​တောင်​ နီရဲလာ​တော့တယ်

"မျက်​နှာ​လေးရဲ​နေပါလား ညီ ဘာလို့လဲ အရမ်း​အေး​နေလား"

"မဟုတ်​ပါဘူး အစ်​ကိုရဲ့ ကျွန်​​တော်​က​အေးတာကိုသ​ဘောကျပါတယ်​"

"ဒါဆို အစ်​ကိုတို့ ​ဟော်​နန်းထဲဝင်​​တော့မလား"

ဟော်​နန်းရှိတဲ့​မြေ​နေရာ က100ဧက​ကျော်​​ကျော်​​လောက်​ရှိပြီး အ​ဆောက်​အဦး 20​ကျော်​​လောက်​ တည်​​ဆောက်​ထားတာ​တွေ့ရပြီး ​ရှေး​ဟောင်းအ​ငွေ့အသက်​​တွေ ကိုပါ ဆုလာဒ်​ခံစားမိလိုက်​တယ်

ဆုလာဒ်​​ကျောထဲစိမ့်​ခနဲဖြစ်​သွားပြီး အစ်​ကို့လက်​ကိုဆုပ်​ကိုင်​လိုက်​မိတယ်

အစ်​ကိုကဆုလာဒ်​ရဲ့လက်​ကို ထပ်​ကိုင်​လိုက်​ပြီး

"အစ်​ကိုရှိတယ်​ ဘာမှမဖြစ်​ဘူး"

mysterious fateWhere stories live. Discover now