အခန်း(31)

23.4K 1.9K 6
                                    

"အစ်​ကို အိမ်​ကို​ရောက်​ရင်​​လေ ​ဖေကနား​ပေါက်​ကို​တွေ့သွားမလားမသိဘူး​နော်​"

နားကို​ဖောက်​ချင်​တုန်းကအသဲအသန်​ဖြစ်​​နေတဲ့ ညိုလုံး​လေးက ရန်​ကုန်​​လေဆိပ်​က​နေ ​ဖေတို့အိမ်​ သွားမယ်​ဆိုတာနဲ့ သူ့နားကိုတကိုင်​ကိုင်​နဲ့ နား​ပေါက်​​ပေါ်သွားမှာ​ကြောက်​​နေ​လေရဲ့

"မသိပါဘူး ညီရဲ့ သိ​တော့လည်း ကိုယ်​​ပြော​ပေးပါမယ်​"

"ညီ​တော့ အစ်​ကိုနဲ့​နေတာ ကြာရင်​လူဆိုးဖြစ်​​တော့မှာပဲ"

"ညီကလူဆိုးမဖြစ်​ပါဘူး လူငယ်​ဆို​တော့ စမ်းသပ်​ချင်​တာ အသစ်​အဆန်းလုပ်​ချင်​တာ​တွေများ​နေတာပါ"

"အစ်​ကိုက အမြဲတမ်းညီလုပ်​ချင်​တာ​တွေကို လုပ်​ခွင့်​​ပေးမှာလား"

"ညီ့ကို ထိခိုက်​မယ့်​ ကိစ္စမဟုတ်​ရင်​ ကိုယ့်​က ညီ့ကိုလုပ်​ခွင့်​​ပေးမှာပါ ကိုယ်​က ညီ့ကိုချုပ်​ချယ်​ဖို့ ဆန္ဒမရှိဘူး"

"သခင်​​လေး"

ဝေယံအသံ​ကြောင့်​ စဝ်​တို့ကြည့်​လိုက်​​တော့ ​ဖေတို့အိမ်​​တောင်​​ရောက်​​နေပြီ​လေ

"သားငယ်​​လေး သားကြီးတို့လာပြီလား"

မေကို ​တွေ့လိုက်​ရတာ​ကြောင့်​ ဆုလာဒ်​ကား​ပေါ်ကဆင်းပြီး​မေ့ကို ​ပြေးဖက်​လိုက်​တယ်

"​မေက သားတို့ကိုမ​စောင့်​ဘူး ပြန်​သွားတယ်​"

"သားတို့လွတ်​လွတ်​လပ်​လပ်​ လည်​ရ​အောင်​​လေ သားငယ်​ရဲ့"

"လာ​လေ ​မောင်​​လေးအိမ်​ထဲဝင်​ ဆုလာဒ်​ သားအစ်​ကိုကိုအိမ်​ထဲ​ခေါ်​လေ"

မမစကား​ကြောင့်​ ဆုလာဒ်​အစ်​ကို့ကိုကြည့်​လိုက်​​တော့ ​မေတို့ဖို့ ဝယ်​လာတဲ့လက်​​ဆောင်​ထုပ်​​တွေကိုကိုင်​ပြီး ဆုလာဒ်​ကိုပြုံးပြီးကြည့်​​နေတဲ့ အစ်​ကို့ကို​တွေ့လိုက်​ရတယ်

"အစ်​ကို sorry လာအိမ်​ထဲဝင်​ရ​အောင်​"

"ဟာ ငါ့သူငယ်​ချင်း​လေး အိမ်​​ထောင်​ရှင်​ကြီး con conပါ"

အိမ်​ထဲ​ရောက်​တာနဲ့ ရတီနဲ့ ဇာနည်​က အသဲဗြဲကြီးနဲ့ ​အော်​ပြီး ​ပြေးဖက်​တာ​ကြောင့်​ ဆုလာဒ်​ရှက်​သွားမိတယ်

mysterious fateحيث تعيش القصص. اكتشف الآن