အခန်း(8)

27.3K 2.3K 19
                                    

စဝ်​ ဓာတ်​​လှေကားပိတ်​ခါနီးမှာ ​ပြေးလာတဲ့ ​ခြေသံ​တွေကြားလိုက်​တာ​ကြောင့်​ holdလုပ်​ထားပြီး ​စောင့်​​နေလိုက်​မိတယ်​ ခန​နေ​တော့ first year က​လေးသုံး​ယောက်​ထင်​တယ်​ ဓာတ်​​လှေကားထဲမဝင်​ပဲ သူနဲ့ လဝန်းကိုပြူးပြူး​လေးကြည့်​​နေတာ​ကြောင့်

" က​လေးတို့လိုက်​မှာလား "

"လိုက်​မှာ လိုက်​မှာ လာ prize နဲ့ ဇာနည်​ "

တဦးတည်းပါတဲ့ မိန်းက​လေးက ​ကောင်​​လေး2​ယောက်​ကို လက်​ဆွဲပြီး ​ပြေးဝင်​လာတယ်

နာမည်​ကလည်း ထူးထူးဆန်းဆန်း prizeတဲ့ prizeဆို​တော့ ဆုလာဒ်​ ​ပေါ့ ဓာတ်​​လှေကားက အထပ်​နံပါတ်​ကို ထပ်​မနှိပ်​​တော့ သူတို့​မေဂျာကိုပဲ သွားမှာ​ပေါ့

"ကိုမင်း

အင်း လဝန်း"

"​နောက်​တပါတ်​ seminar ရှိတယ်​​ပြောတယ်​ လဝန်းခုမှ ​ကြော်​ငြာboardကိုမြင်​ပြီးသတိရလို့"

"ဟုတ်​လား ဘယ်​မှာလဲ"

"Main buildingမှာတဲ့ လဝန်းက​နောက်​တပါတ်​ ချိန်းထားတာရှိလို့ပါဆို"

"လဝန်းသွားရင်​သွား​လေ ကိုယ်​လဝန်းအစားလက်​မှတ်​ထိုး​ပေးထားမယ်​ "

"အာ အဲလိုလုပ်​​ပေးမလား  ​ကျေးဇူးပါ ကိုမင်း "

တီ

သတ်​မှတ်​အထပ်​​ရောက်​​တော့ အသံမြည်​ပြီး ပွင့်​လာတဲ့ တံခါးက​နေ ဟိုက​လေးသုံး​ယောက်​ ဌာနမှူးခန်းထဲ ဝင်​သွားတာကို​တွေ့လိုက်​တယ်

"ဒီနှစ်​ first yearက​လေး​တွေချစ်​ဖို့​ကောင်းတယ်​​နော်​ ကိုမင်း အလယ်​က အသားညိုညို​ကောင်​​လေးက ဟိုတခါက ကိုမင်းကိုတက်​နင်းမိပြီး စိုက်​ကြည့်​​နေတဲ့ ​ကောင်​​လေးမလား"

"ဟုတ်​လား ကိုယ်​သတိမထားမိလိုက်​ဘူး"

"အင်း လဝန်း က အဲက​လေးကပုပုလုံးလုံး​လေးမလို့သတိထားမိလိုက်​တာ ချစ်​စရာ​လေး"

လဝန်း​ပြောတာ prizeဆိုတဲ့ ​ကောင်​​လေးထင်​တယ်​ အသားဖြူဖြူ ရှည်​ရှည်​သွယ်​သွယ်​ သူငယ်​ချင်း2​ယောက်​ကြားမှာ ညိုလုံးလုံး​လေး ဖြစ်​​နေတာ တကယ်​ကိုချစ်​ဖို့​ကောင်းလွန်းတယ်​ ဓာတ်​​လှေကားထဲ ​ရောက်​ကတည်း သူနဲ့လဝန်းကိုကြည့်​ပြီး ဘာ​တွေ​ပြော​နေလဲမသိဘူး လှည့်​ကြ လှည့်​ကြည့်​နဲ့ ပြုံး​နေကြတာ

mysterious fateDär berättelser lever. Upptäck nu