အခန်း(3)

38.6K 3.1K 58
                                    


စဝ်​ ဖြိုးဆုလာဒ်​ကိုဖက်​ထားပြီး တဖြည်းဖြည်းအိပ်​​ပျော်​သွား​တော့တယ်​ ဒီရက်​ပိုင်းတွင်း ကျိန်​စာရဲ့သက်​​ရောက်​မှု​ကြောင့်​ သူအရမ်းပင်​ပန်း ပြီးအိပ်​မရတဲ့ ရက်​​တွေ​တော်​​တော်​များ​နေပြီ​လေ

တောင်းပန်​ပါတယ်​ဆိုတဲ့ စကားကို​တော့ အိပ်​မ​ပျော်​ခင်​ထိ သူတဖွဖွရွတ်​​နေမိတယ်

က​လေး2​ယောက်​အိပ်​​ပျော်​သွားပြီး မိနစ်​ပိုင်း အတွင်းမှာ က​လေးနှစ်​​ယောက်​လုံးရဲ့ ဖြူ​ဖျော့​နေတဲ့ မျက်​နှာက ​သွေး​ရောင်​လွှမ်းလာတာ​ကြောင့်​ ဦးဖြိုး​တေဇ လက်​သီးကိုတင်း​နေ​အောင်​ဆုပ်​လိုက်​မိတယ်

"တကယ်​ပဲ ကျိန်​စာရဲ့သက်​​ရောက်​မှု​တွေလား"

"က​လေး​တွေကိုခနအိပ်​ခိုင်းလိုက်​ရ​အောင်​ ခန​နေနိုးလာရင်​ သူတို့ သက်​သာသွားမှာပါ ကျွန်​​တော်​တို့အပြင်​မှာ​စောင့်​ပြီး ကိစ္စကိုခန​ဆွေး​နွေးလိုက်​ရ​အောင်​"

ဦးစဝ်​သိင်္ခါ စကား​ကြောင့်​ လူကြီး​လေး​ယောက်​လုံးအခန်းထဲကထွက်​လာရင်း

"အဲကျိန်​စာ ဘာ​ကြောင့်​ သားငယ်​​လေးနဲ့ပက်​သက်​သွားရတာလဲ"

"အင်း​ပြောရရင်​​တော့ အမရယ်​ ​သွေးချင်း​ရောသွားတာက​နေ စတာ​ပေါ့"

"​သွေးချင်း​ရောတယ်​..."

"အင်း ဟိုပုဂံသွားတုန်းက အိမ်​ကသား ရုတ်​တရက်​ accidentဖြစ်​​တော့ ဒီအိမ်​က သားငယ်​​လေးက​သွေးလှူလိုက်​တယ်​ အဲက​နေ ကျိန်​စာကအသက်​ဝင်​သွားတာ"

"​သွေးလှူလိုက်​​တော့ ​သွေး​ရောသွားတယ်​​ပြောချင်​တာလား ညီမ"

"ဟုတ်​တယ်​အမ ကျွန်​မတို့မျိုးနွယ်​ရဲ့ဆက်​ခံသူ​တွေက တခြားလူရဲ့​သွေးနဲ့​ရောလို့မရဘူး တကယ်​လို့​သွေး​ရောသွားရင်​ ​ရောသွားတဲ့လူကကျိန်​စာကို မျှ​ဝေခံစားရတယ်​ အဲဒါ​ကြောင့်​"

"ကျွန်​မတို့က သားကိုအရင်​ကတည်းအဲကျိန်​စာ​ကြောင့်​အမြဲအတမ်းအ​စောင့်​အ​ရှောက်​နဲ့ထားခဲ့တယ်​ ပြီး​တော့ သား ​ပေါ့(အ​ဖေ) နဲ့ ကျွန်​မနဲ့ရဲ့​သွေး​ဖောက်​ပြီး အမြဲ​သွေးအိတ်​​ဆောင်​ထားရတယ်​ သားကို သတိထား​နေတဲ့ကြားက ခုခရီးမှာ ဘာမှမဖြစ်​​လောက်​ဘူးဆိုပြီး ​ပေါ့ဆလိုက်​တာ ခုလိုဖြစ်​သွားမယ်​မှန်းမသိလိုက်​ဘူး"

mysterious fateWhere stories live. Discover now