အခန်း(2)

43.9K 3.3K 43
                                    


"​တွေ့လိုက်​ရင်​ သားငယ်​​လေးက ပြန်​​နေ​ကောင်းမှာလား"

"ခုအိပ်​ရာထဲလဲ​နေတဲ့အ​ခြေအ​နေထက်​​တော့ ပို​ကောင်းလာမှာပါ အမ​မေမီလင်း"

"​ကောင်းပြီ​လေ ​တွေ့​ပေးကြည့်​တာ​ပေါ့ တကယ်​လို့ခင်​ဗျားတို့​ပြောတဲ့အတိုင်း မဖြစ်​ရင်​ ဒီ​နေ့ကိစ္စအတွက်​ ခင်​ဗျားတို့​တောင်းပန်​ရမယ်​"

"တကယ်​လို့ ဖြစ်​ခဲ့ရင်​​ရော ဦးဖြိုး​တေဇ သားတို့ကိုလက်​ခံ​ပေးမှာလား ကျွန်​​တော်​တို့က သားကိုအဆုံးရှုံးမခံနိုင်​ဘူး"

"အဲဒါက​တော့အ​ခြေအ​နေ​ပေါ်မူတည်​ပြီးဆုံးဖြတ်​ကြတာ​ပေါ့ ဦးစဝ်​သိင်္ခါ"

"​မောင်​ကြိုင်​ ​မောင်​ကြိုင်​ မင်း သခင်​​လေးကို​ခေါ်လာခဲ့"

ဒေါ်မြတ်​မာလာနွယ်​ အသံအဆုံးမှာ အသားဖြူဖြူ မျက်​လုံးမျက်​ခုံး ​ကောင်း​ကောင်း ယောက်​ကျားပီသတဲ့မျက်​နှာမျိုးပိုင်​ဆိုင်​ထားတဲ့ ​ကောင်​​လေးတ​ယောက်​က ဝှီးချဲ​ပေါ်မှာပါလာတာကို​တွေ့လိုက်​ရတယ်​ ဖြူ​ဖျော့​နေတဲ့နှုတ်​ခမ်း​တွေက ​နေမ​ကောင်းမှန်းသိသာပင်​မယ့်​ လူငယ်​​လေးရဲ့​ချော​မော ခန်​ညားမှုကို ​လျော့မသွားဘူးလို့ ​မေမီလင်းမှတ်​ချက်​ချလိုက်​မိတယ်

"သားကလည်း သားငယ်​​လေးဖြိုးဆုလာဒ်​လို့ပဲ​နေမ​ကောင်းဖြစ်​​နေတာ 5ရက်​​လောက်​ရှိပြီ သားကငယ်​ငယ်​​လေးကတည်းက ကျွန်​မတို့မျိုးနွယ်​ရဲ့စိတ်​ကျင့်​စဉ်​​တွေ​ကြောင့်​ သတိ​မေ့တာမျိုး​တွေခုချိန်​ထိ မဖြစ်​​သေးတာ"

"ဒီကအန်​တီနဲ့ အန်​ကယ်​ကို ကျွန်​​တော်​​တောင်းပန်​ပါတယ်​ တကယ်​ဆို ညီ​က ကျွန်​​တော်​ကိုကယ်​ရင်း မ​တော်​တဆ ဒီကျိန်​စာမှာပါဝင်​ပက်​သက်​ပြီး အခုလိုခံစား​နေရတာပါ အဲဒီအတွက်​ ကျွန်​​တော်​တကယ်​ကို အနူးအညွတ်​​တောင်းပန်​ပါတယ်​"

"ဖြစ်​ပြီးမှ​တော့ ဘယ်​တတ်​နိုင်​ပါ့မလဲ သားနာမည်​ကစဝ်​မင်းမာန်​ခ​နော်​"

"ဟုတ်​ကဲ့ပါအန်​ကယ်​ ဟွတ်​ ဟွတ်​"

"သား"

"ရတယ်​ မယ်​မယ်​"

mysterious fateWhere stories live. Discover now