အခန်း(40)

21.9K 1.8K 92
                                    

အနီအနက်​နဲ့ ​ရောထားတဲ့ ခန်းမကျယ်​တခု တခန်းလုံးကို လင်းထိန်​​အောင်​ မီး​တွေထွန်းထားတာ ​နေ့ခင်းအလားပဲ အခန်းထဲမှာ​တော့ လူနှစ်​​ယောက်​ကို ကြိုးနဲ့ အ​ပေါ်မှာ​မြှောက်​ချီထားတာ​ကြောင့်​ ​လေထဲမှာတန်းလန်းကြီးဖြစ်​​နေတယ်​ အခန်းထဲမှာလည်း အိမ်​​တော်​ကအလုပ်​သမား​တွေ​ခေါ်ထားတာ​ကြောင့်​ လူအများအပြား ​ရောက်​​နေတယ်​​လေ

"သခင်​​လေး ​တောင်း​တောင်းပန်​ပါတယ်​ ခွင့်​လွှတ်​​ပေးပါ"

"ဦးစိုင်း သူတို့ကို ပါးစပ်​ပိတ်​ခိုင်းထားလိုက်​ အသံတအားဆူတယ်​ ပြီး​တော့ ကျန်​တဲ့လူ​တွေ အကုန်​ကြည့်​ထား ငါ့ရဲ့ကြင်​ယာဖက်​ကို မ​လေးမစားလုပ်​ရင်​ ဒီနှစ်​​ယောက်​လိုပဲ အပြစ်​​ပေးခံရမယ်​"

"ဟုတ်​ ဟုတ်​ကဲ့ပါသခင်​​လေး"

ပုံမှန်​မြင်​​နေကြ နူးညံ့တဲ့ မျက်​ဝန်း​တွေ ခပ်​ပြုံးပြုံး နှုတ်​ခမ်း​တွေနဲ့ သခင်​​လေးက စူးရှ​တောက်​ပပြီး နှုတ်​ခမ်းက ခပ်​တင်းတင်းဖြစ်​​နေကတည်းက ဘယ်​​လောက်​​တောင်​စိတ်​ဆိုး​နေလဲ သိသာလွန်းတယ်

"​ဝေယံနဲ့ မင်းမင်း စရိုက်​​တော့ ငါရပ်​လို့ မ​ပြောမချင်း ဆက်​ရိုက်​"

ကြာပွတ်​သံ တ​ဖြောင်း​ဖြောင်းနဲ့အတူ ပါးစပ်​ပိတ်​ထားတာ​ကြောင့်​ ​အော်​ဟစ်​သံ​တွေအစား တဝူးဝူး တဝါးဝါး ​အော်​ဟစ်​သံများသာ ခန်းမထဲ ပျံ့နှံ​နေ​တော့တယ်

"ကိုကို မဟုတ်​ဘူး သခင်​​လေး ​တောင်းပန်​ပါတယ်​ ကျွန်​မ အပြစ်​ပါ ခွင့်​လွှတ်​​ပေးပါ"

မမ​လေးစန္ဒာက သခင်​​လေးကို ဒူး​ထောက်​ပြီး အတင်းကို​တောင်​ပန်​​နေတာကို ​ဒေါ်နန်းစိတ်​မ​ကောင်းစွာ ကြည့်​​နေမိတယ်​ တကယ်​ဆို မမ​လေးစန္ဒာက သခင်​​လေးရဲ့ကြင်​ယာ​​လောင်း ဆိုပြီး ငယ်​ငယ်​​လေးကတည်းက မျိုးနွယ်​စုက သတ်​မှတ်​ပြီး ​စောင့်​​ရှောက်​လာကြတာ သခင်​​လေးက သိပ်​ဂရုမစိုက်​ပင်​မယ့်​ မမ​လေးက​တော့ သခင်​​လေးကို သ​ဘောကျ​နေပုံရတယ်​ ငယ်​ငယ်​​လေးကတည်းက မျိုးနွယ်​စု သခင်​မဖြစ်​ဖို့ သူ့ကိုယ်​သူ perfectဖြစ်​​အောင်​​နေတယ်​​လေ အဲဒါ​ကြောင့်​လည်း စင်​ကာပူမှာ​ကျောင်းသွားတက်​ဖြစ်​တာ​ပေါ့ ခုရိုက်​ခံ​နေရတဲ့ နှင်းနှင်းနဲ့​ကျော်​ဇင်​ကလည်း မမ​လေးနဲ့အတူတူကြီးလာ​တော့ မမ​လေးကအရမ်းမျက်​နှာသာ​ပေးပြီး ချစ်​ခင်​တာ

mysterious fateWhere stories live. Discover now