အခန်း(17)

26.6K 2.3K 14
                                    

"ထူးထူး​ထွေ​ထွေ မဟုတ်​ပါဘူး ညီကချစ်​ဖို့​ကောင်းတယ်​ ​ပြောတာပါ"

"​ဒေါ်နန်း ကျွန်​​တော့ luggage နဲ့ ညီ့ luggageကို ကျွန်​​တော့်​အခန်းထဲမှာထားဖို့ အလုပ်​သမား​တွေ ​ပြော​ပေးပါအုံး"

"​ဟုတ်​ကဲ့ သခင်​​လေး"

"ညီ အစ်​ကိုတို့လည်း အိမ်​ထဲဝင်​ရ​အောင်​"

ဆုလာဒ်​တို့ အိမ်​ထဲ​ရောက်​​တော့ ​မေတို့ကဧည့်​ခန်းထဲမှာထိုင်​​နေပြီး ရှမ်းဝတ်​စုံဝတ်​ထားတဲ့ ဦး​လေးကြီးနဲ့ အ​ဒေါ်ကြီး​တွေနဲ့စကား​ပြော​နေတာ​တွေ့လိုက်​ရတယ်

"သားတို့လာ ဒီမှာ လူကြီး​တွေ​ရောက်​​နေပြီ"

"ဦးရီး​တော်​တို့ အရီး​တော်​တို့မင်္ဂလာပါ အ​စောကြီး​ရောက်​​နေတာလား"

"ဟုတ်​တယ်​ သားတို့မယ်​မယ်​ ကထွက်​လာပြီ​ပြောကတည်းက ဦးရီး​တော်​တို့က လာ​စောင့်​​နေတာ ဒါသားရဲ့လက်​တွဲ​ဖော်​​လေးလား"

"ဟုတ်​တယ်​ ဦးရီး​တော်​ ညီ ဒါက အစ်​ကိုတို့ ရဲ့ ဒုတိယအိမ်​​တော်​နဲ့ တတိယအိမ်​​တော်​ ကဦးရဲ့​တော်​​တွေနဲ့ အရီး​တော်​​တွေ"

"မင်္ဂလာပါ ကျွန်​​တော်​ ကဖြိုးဆုလာဒ်​ပါ"

အစ်​ကိုနှုတ်​ဆက်​သလိုမျိုး လက်​အုပ်​ချီပြီးနှုတ်​ဆက်​လိုက်​​တော့ အစ်​ကိုက ပြုံးလိုက်​ပြီး

"လာထိုင်​ရ​အောင်​ ညီ"

"ဦးဖြို​တေဇတို့ဖက်​က မင်္ဂလာ​ဆောင်​ကို ဘယ်​လိုဖြစ်​​စေချင်​လဲ မြန်​မာနိုင်​ငံမှာ လိင်​တူလက်​ထပ်​တာ​တော့ တရားဝင်​ခွင့်​ပြုထားတာမရှိ​ပင်​မယ့် ကျွန်​​တော်​တို့ကဖြစ်​​စေချင်​တာကို ဖြစ်​​အောင်​လုပ်​​ပေးမှာပါ"

"ကျွန်​​တော်​တို့ဖက်​က ဘာမှ​သေချာမစဉ်းထားမိဘူး သားငယ်​​လေးကိုလည်းတခါမှ ​ယောက်​ကျားတ​ယောက်​နဲ့ လက်​ထပ်​​ပေးရမယ်​လို့မစဉ်းထား​တော့ ဘယ်​လိုစီစဉ်​ရမှန်းမသိ​တော့ပါဘူး"

"ကျွန်​​တော်​တခု​လောက်​​တော့ဝင်​​ပြောပါရ​စေ"

"အင်း သားခ ​ပြော​လေ"

mysterious fateWhere stories live. Discover now