အခန်း(15)

27.2K 2.3K 39
                                    

"ညီ အဆင်​​ပြေရဲ့လား"

"​ပြေပါတယ်​ ​လေယာဉ်​စီးရတာ ဒီလို feeling လား အစ်​ကို သိလား ကျွန်​​တော်​က pilotအရမ်းဖြစ်​ချင်​တာ ဆယ်​တန်း​အောင်​​တော့အမှတ်​က​တော့ မှီပါရဲ့နဲ့ အရပ်​ကမမှီ​တော့ ဒုတိယဖြစ်​ချင်​တဲ့ နည်းပညာ​ကျောင်းတက်​ရတာ"

လေယာဉ်​​ပေါ်​ရောက်​ပြီး ငြိမ်​ငြိမ်​မ​နေပဲ ​လျှောက်​ကြည့်​​နေတဲ့ ညိုလုံး​လေးကို ​လေယာဉ်​တက်​ချိန်​​ရောက်​မှ အတင်း​ခေါ်ပြီး ခါးပါတ်​ပါတ်​​ပေးရတယ်
အဲဒါကို​တောင်​ ​သူpilotဖြစ်​ချင်​​ကြောင်း​ပြောပြီးြ​လေယာဉ်​စီးရတာ သ​ဘောကျ​ကြောင်း​ပြော​နေ​သေးတယ်​ လက်​မထပ်​ချင်​ပါဘူးဆိုပြီး ​အော်​ဟစ်​​နေတာ သူမဟုတ်​တဲ့အတိုင်းပဲ

"အစ်​ကို"

"ဟင်​"

"လက်​ထပ်​ရင်​ ဘာ​တွေလုပ်​ရ​သေးလဲ ကျွန်​​တော်​ကတခါမှလက်​မထပ်​ဘူး​တော့"

"အစ်​ကိုလည်း လက်​မထပ်​ဖူးဘူး​လေ"

"ဟာ အဲလို​ပြောတာမဟုတ်​ဘူး​လေ အစ်​ကိုတို့က ​စော်​ဘွားမျိုးရိုးဆို​တော့ အစ်​ကိုတို့ရိုးရာဓ​လေ့​တွေ​မေးတာ"

စဝ်​​ပြောတာကို အသဲအသန်​​ဖြေရှင်းချက်​​ပေး​နေတဲ့ ညိုလုံး​လေးကို အသဲယားတာ​ကြောင့်​ ဆံပင်​​လေးကိုဖွလိုက်​ပြီး

"စတာပါ ညီရယ်​ အစ်​ကိုတို့က အရမ်းကြီးနန်းမဆန်​​တော့ပါဘူး သာမာန်​မင်္ဂလာ​ဆောင်​​တွေလိုပါပဲ ထူးခြားတာက​တော့ ရိုးရာကန့်​​တော့ နတ်​ပြ ရတာပဲ​ပေါ့ "

"ရိုးရာကန့်​​တော့ရတာ ဟို ကျိန်​စာ​ကြောင့်​လား"

"အင်း အင်းအဲဒါလည်းပါတာ​ပေါ့ ကျိန်​စာကို အသိအမှတ်​ပြုတယ်​ဆိုတဲ့ သ​ဘော​ပေါ့"

"ဒါနဲ့ အစ်​ကိုက​ရော ကျွန်​​တော်​လို့​ယောက်​ကျားတ​ယောက်​နဲ့ လက်​ထပ်​ရတာ ဘယ်​လိုခံစားရလဲ မ​ကျေနပ်​တာတို့ ပြီး​တော့ ပါတ်​ဝန်းကျင်​မှာ"

"ညီစိတ်​ပူတာ အစ်​ကိုသိတယ်​ ညီ အတင်း​ပျော်​​အောင်​​နေ​နေတာလည်း အစ်​ကိုသိတယ်​ ညီ့အတွက်​ လက်​ခံဖို့ခဲယဉ်းတယ်​ ဆိုတာ အစ်​ကိုနားလည်​ပါတယ်​ အဲအတွက်​လည်း အစ်​ကိုတကယ်​အားနာတယ်​ အစ်​ကို့မှာအဲကျိန်​စာပါတယ်​ဆိုတာ သိကတည်းက အစ်​ကိုရဲ့ဖူးစာဖက်​ကို ကံတရားကို​ရွေးချယ်​​ပေးမယ်​ လို့ပဲယုံကြည်​ထားလိုက်​တာ အဲဒါ​ကြောင့်​ အစ်​ကိုအ​နေနဲ့ စသိတုန်းကနည်းနည်းတုန်​လှုပ်​သွားပင်​မယ့်​ အစ်​ကို လက်​ခံလိုက်​တယ်​ ကံတရားက အစ်​ကို့ကို အဲလိုကျီဆယ်​ လိမ့်​မယ်​လို့ မထင်​ခဲ့မိတာပဲရှိတာ"

mysterious fateWhere stories live. Discover now