အခန်း(47)

21.6K 1.9K 24
                                    

Vote 2k ပြည့်​သွားလို့ ​နောက်​တပိုင်းတင်​​ပေးလိုက်​ပါတယ်

"အ ​ခေါင်း​တွေကိုက်​လိုက်​တာ ကျွတ်​ ကျွတ်​"

"အမူးသမား​လေး နှိုးလာပြီ​ပေါ့"

"ဟင်​ ကိုကြီး ညီ ဘာဖြစ်​သွားတာလဲ ညက club မှာ​သောက်​ရင်း ဘယ်​လိုအိမ်​ပြန်​​ရောက်​လာတာလဲ"

စဝ်​ ယူလာတဲ့ စွပ်​ပြုတ်​ပန်းကန်​​လေးကို ကုတင်​​ဘေးကစားပွဲ​ပေါ်တင်​လိုက်​ရင်း ချစ်​လုံး​လေး နဖူးကို စမ်းကြည့်​လိုက်​တယ်

"ကိုယ်​ပြန်​​ခေါ်လာတာ​ပေါ့ မှန်းစမ်း ကိုယ်​နည်းနည်း​နွေး​နေတယ်​ ​ခေါင်းအရမ်းကိုက်​​နေလား"

"အင်း ကိုက်​တယ်​ အရမ်းပဲ"

"လာ ကိုယ်​နှိပ်​​ပေးမယ်​ အစက သံပုရာ​ရေ ​သောက်​ခိုင်းမလို့ ဒါပင်​မယ့်​ အစာအိမ်​ထဲအစာမရှိရင်​ ဗိုက်​​အောင့်​မှာ စိုးလို့ စွပ်​ပြုတ်​​လေးပဲ ယူလာတာ သက်​သာလား ချစ်​လုံး"

"ဟုတ်​ ကိုကြီး သက်​သာတယ်​ ရပြီ ကိုကြီး ညီသက်​သာ​နေပြီ"

"လာ စွပ်​ပြုတ်​ပူပူ​လေး​သောက်​လိုက်​"

စွပ်​ပြုတ်​ကိုမှုတ်​ပြီး တဇွန်းချင်းတိုက်​​နေတဲ့ ကိုကြီးကို ကြည့်​ပြီး ဆုလာဒ်​​ပျော်​​နေမိတယ်

"ကိုကြီး ချစ်​လုံး​လေးကို အရမ်းချစ်​တာပဲလား"

မူးတဲ့အချိန်​နဲ့ သူလိုချင်​တာ ရှိတဲ့အချိန်​​လောက်​သာ သူ့ကိုယ်​သူ ချစ်​လုံး​လေးလို့ ​ပြောတတ်​တဲ့ က​လေးက ရုတ်​တရက်​ကြီး ထ​မေးလိုက်​တာ​ကြောင့်​ စဝ်​​တောင်​ ​ကြောင်​သွားမိတယ်

"ချစ်​တာ​ပေါ့ က​လေးရဲ့ ဘာလဲအမူးမ​ပြေ​သေးဘူးလား ချစ်​လုံးရဲ့"

"ဒီအတိုင်းပဲ ကိုကြီးကိုကြည့်​ရင်း ​မေးချင်​လာလို့​မေးကြည့်​တာပါ"

"ဒါနဲ့ ​နောက်​တပါတ်​​နေရင်​ ကိုယ်​မျိုးနွယ်​စု အစည်းအ​ဝေးတက်​ရမယ်​ ချစ်​လုံး"

"​ဟော်​နန်းမှာလုပ်​မှာလား"

"အင်း"

"ညီ လိုက်​ရမှာမလား"

mysterious fateWhere stories live. Discover now