အခန်း(44)

21.2K 1.7K 103
                                    

Flight​ပေါ်မှာ အိပ်​​ပျော်​ပြီး ပါလာတဲ့ ချစ်​လုံး​လေးကို ဖက်​ထားရင်း စဝ်​​ငေးကြည့်​​နေမိတယ်​ ချစ်​လုံး​လေးက​တော့ ​သူ​ပြောထားတဲ့စကားကို​မေ့ရင်​​မေ့​နေမယ်​ဆိုပင်​မယ့်​ စဝ်​က​တော့ ​နေ့တိုင်း ချစ်​လုံး​လေး​မွေး​နေ့မှာ ဘယ်​လိုချစ်​ခွင့်​ပန်​ရင်​အ​ကောင်းဆုံးဖြစ်​မလဲ စဉ်းစား​နေတာ အဲဒါ​ကြောင့်​လည်း မနက်​ဖြန်​​မွေး​နေ့မှာ စိတ်​လှုပ်​ရှားစရာအ​ကောင်းဆုံး ပုံစံနဲ့ ချစ်​ခွင့်​ပန်​ဖို့ ဒီမကာအို ခရီးစဉ်​ကို စတင်​လိုက်​တာ

Flight ဆင်းခါနီးမှာ အိပ်​ချင်​မူးတူးရုပ်​နဲ့ နှိုးလာတဲ့ ချစ်​လုံး​လေး​ကြောင့်​ စဝ်​ရီလိုက်​မိတယ်​ ပါတ်​ဝန်းကျင်​ကိုလိုက်​ကြည့်​​နေပြီး

"ဘယ်​ကို​ရောက်​​နေတာလဲ"

"မကာအို​လေ"

"မကာအိုကို ဘာလို့လဲ ကိုကြီး"

"Suprise​လေ"

"Happy birthday my sweet heart"

"အာ ​မွေး​နေ့ supriseလား "

"လာ ဆင်းရ​အောင်​"

"ခန​လေး ဒီလိုပုံနဲ့ မကာအို​လေဆိပ်​ကိုဆင်းရမှာလား"

ညဝတ်​အကျီင်္အပြာနု​ရောင်​ဖဲသားဝမ်းစက်​​လေးနဲ့ ချစ်​လုံး​လေးက သူ့ကိုယ်​သူပြန်​ငုံ့ကြည့်​ပြီး ရှုံ့မဲ့မဲ့နဲ့​ပြော​နေ​တော့တယ်

"ကိုကြီးကြ​တော့ all blackနဲ့မိုက်​​နေပြီ​တော့ ညီကျ​တော့ ညဝတ်​ဝမ်းစက်​ကြီးနဲ့လား မဆင်း​တော့ဘူး ရှက်​စရာကြီး"

"ဟားဟား ချစ်​လုံးရယ်​ ​ကိုယ်​အဝတ်​အစား​တွေယူလာပါတယ်​ သွားလဲလိုက်​​တော့"

လေယာဉ်​ရဲ့ အဝတ်​လဲခန်းထဲက အပြာနု​ရောင်​ hoodie​လေးနဲ့ ဂျင်း​ဘောင်းဘီ အနက်​​ရောင်​​လေးဝတ်​ပြီး ထွက်​လာတဲ့ ချစ်​လုံး​လေးက အိပ်​ချင်​မူးတူး ပုံ​လေးနဲ့ အရမ်းကိုချစ်​ဖို့​ကောင်း​နေတယ်

"အိပ်​ချင်​မ​ပြေ​သေးဘူးလားကွာ"

"နည်းနည်း​လေး အိပ်​ချင်​​သေးတယ်​ သွားမယ်​​လေ"

လေယာဉ်​​ပေါ်က​ဆင်း​တော့ airportမှာပဲ မုန့်​စားလိုက်​ပြီး ​လေဆိပ်​ထဲကထွက်​လာလိုက်​တယ်

mysterious fateحيث تعيش القصص. اكتشف الآن