အခန်း(24)

26.4K 2.2K 56
                                    

"​ဖေ နဲ့​မေ​ရော ညီ"

"အိမ်​​တော်​ထိန်းနဲ့ အင်း​လေးကို သွားတယ်​ အစ်​ကို ​မေတို့က အင်း​လေးတခါမှမ​ရောက်​ဖူးလို့တဲ့ မနက်​ဖြန်​ ဘန်​​ကောက်​က​နေတန်းပြန်​ရမှာဆို​တော့ အင်း​လေးကိုမဝင်​ဖြစ်​မှာစိုးလို့တဲ့"

"ညီ​ရော အင်း​လေး ​ရောက်​ဖူးလား"

"မ​ရောက်​ဖူးဘူး အစက​တော့ ​မေနဲ့ လိုက်​သွားမလို့ပဲ ​ပေါ့ကလည်း မျက်​နှာမ​ကောင်းပဲ အစ်​ကို့ကိုအခန်းထဲ​ခေါ်သွားလို့"

"အဲ​တော့ ညီ ကအစ်​ကို့ကို စိတ်​ပူတယ်​​ပေါ့"

"အစ်​ကို ကလည်း"

"ညီ ခုသွားမလား အစ်​ကိုလိုက်​ပို့မယ်​​လေ"

"မသွားချင်​​တော့ဘူး ပင်​ပန်း​နေပြီ ခနနား​တော့မယ်​ ဒါနဲ့ အစ်​ကို ဟိုဆရာကြီးက သားနဲ့သမီး ရမယ်​လို့​ပြောတာ ဆုလာဒ်​တို့က ဘယ်​လိုရမှာလဲ"

"အစ်​ကို က ညီ့ကို ချစ်​​ပေးရင်​ရလာမှာ​ပေါ့"

"ချစ်​​ပေးတာနဲ့ ရလာ​ရောလား မဖြစ်​နိုင်​ဘူးထင်​တယ်​​နော်​ အစ်​ကို"

နားမလည်​သလို အူလည်​လည်​ပုံ​လေးနဲ့ စဝ်​ကို ပြန်​​မေးတာ​ကြောင့်​ စဝ်​ရီလိုက်​မိတယ်​ ညီက တကယ့်​က​လေး​လေးပဲ

"လာပါ ​ခေါင်း​သေး​သေး​လေးနဲ့စဉ်းစားမ​နေနဲ့ သွားနားရ​အောင်​ အချိန်​တန်​ရင်​ ညီ သိလာလိမ့်​မယ်​"

အခန်းထဲ​ရောက်​​တော့ အစ်​ကိုက ကုတင်​​ပေါ်မှာလှဲပီး ဆုလာဒ်​ကိုလည်း သူ့ရင်​ခွင်​ထဲထည့်​ပြီး ဖက်​ထားပြီး ဆုလာဒ်​ဆံပင်​ကို ဖွ​ပေး​နေတယ်​ ခု​နောက်​ပိုင်း အစ်​ကိုက ခနခန ဖက်​ထားလို့လားမသိဘူး အစ်​ကိုဖက်​ထားတာကို ဆုလာဒ်​အသားကျ​နေပြီ​လေ အစ်​ကို့ရင်​ခွင်​ထဲမှာ ဆုလာဒ်​ဖက်​ထားခံရတာကို သ​ဘောကျ​နေမိတယ်

"အစ်​ကို"

"အင်း ​ပြော​လေ ညီ"

"​ကျောင်းပြန်​တက်​ရင်​​လေ ဟို"

"​ပြော​လေ ညီရဲ့ ကိုယ့်​ကို ညီလိုချင်​တာ ပွင့်​ပွင့်​လင်းလင်း​ပြောလို့ရတယ်​"

mysterious fateWhere stories live. Discover now