အခန်း(42)

20.9K 1.7K 68
                                    

စဝ်​ ​အောက်​ထပ်​ဆင်းလာ​တော့ မင်းမင်းနဲ့​ဝေယံက အသင့်​​စောင့်​​နေတာ​တွေ့လိုက်​ရတယ်

"သခင်​​လေး"

"ဘယ်​လိုဖြစ်​တာတဲ့လဲ"

"ကျွန်​​တော်​တို့ လူ​တွေအပြင်​မှာ​စောင့်​​နေတုန်း clubထဲရန်​ဖြစ်​တယ်​ဆိုလို့သွား​တော့ သခင်​ငယ်​​လေးက တဖက်​ကလူတ​ယောက်​ကို အရက်​ပုလင်းနဲ့ ​ခေါင်းကိုရိုက်​ပြီးသွားပြီတဲ့"

စဝ်​ တချက်​ပြုံးလိုက်​ပြီး တိုးတိုး​လေး​ရေရွတ်​လိုက်​မိတယ်

"လူဆိုး​လေကွာ လက်​ကလည်းမြန်​လိုက်​တာ"

"ရဲစခန်း သွားမယ်​"

"ဟုတ်​ကဲ့ သခင်​​လေး"

အိမ်​​တော်​က​နေ ကားသုံစီးထွက်​လာပြီး ရဲစခန်းကိုဦးတည်​​​မောင်းနှင်​လာတယ်​ စဝ်​တို့ရဲစခန်းထဲဝင်​လာ​တော့ စခန်းမှူး​ဘေးက ခုံတန်း​လေးမှာ ​ခြေ ချိတ်​ထိုင်​​နေတဲ့လူဆိုး​လေး ​ဘေးမှာလည်း သူ့သူငယ်​ချင်းနှစ်​​ယောက်​နဲ့ စကားကများ​နေ​သေးတယ်​ နည်းနည်းမှကို အ​ကြောက်​အလန့်​မရှိတဲ့ ဟာ​လေး​တွေ

"ကိုကြီး"

စဝ်​ အရင်​ဆုံးချစ်​လုံး​လေး စီ သွားပြီး ဒဏ်​ရာရမရ စစ်​လိုက်​​တော့ မျက်​ခုံး​ဒေါင့်​နား​လေးကနည်းနည်းကွဲ​နေပြီး နှုတ်​ခမ်းလုံးလုံး​လေးက ​သွေးထွက်​​နေတာ ​တွေ့လိုက်​ရတယ်

"မင်းမင်း ​ဆေး​သေတ္တာယူခဲ့စမ်း"

"ဒီမှာ ဟမ်း ဟမ်း"

စခနိးမှူးခမျှ စခန်းဝင်​လာကတည်းက သူ့ကိုတစက်​​လေး​တောင်​လှည့်​မကြည့်​ပဲ သူ့လူသူ ဂရုစိုက်​​နေတဲ့ စဝ်​​ကြောင်​ တဟမ်းဟမ်း လုပ်​​နေ​တော့တယ်

"ဘာလို့ ဒဏ်​ရာ​တွေ ရလာတာလဲ လူဆိုး​လေးရာ"

"ကိုကြီး ​တောင်းပန်​ပါတယ်​"

စဝ်​ မျက်​ခုံးနား​လေးကို အရက်​ပျံ​လေးတို့​ပေးပြီး တဖူးဖူးနဲ့ ​လေမှုတ်​​ပေး​နေမိတယ်

"ကိုယ့်​ချစ်​လုံးရဲ့မျက်​နှာ​လေးကိုကွာ အရမ်းနာ​နေလား"

mysterious fateWhere stories live. Discover now