3

75 10 0
                                    

(Unicode)
Ellie's POV:
ဒီလူကြီးက ငါ့ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာ သိတော့ စိတ်သက်သာရာရသွားတယ်။အခုတော့ သူ့နာမည်ကဘာလဲဆိုတာသိချင်နေပါပြီ။သူကနတ်ဘုရားတစ်ပါးလိုပဲ အရမ်းချောမောတယ်။သူငါ့ကိုမွေးစားပြီး ဘယ်တော့မှ မစွန့်လွှတ်ဖို့ ငါမျှော်လင့်တယ်။ဒီခံစားချက်ကဘာလဲဆိုတာ ငါမသိဘူး။
"နာမည်?'' သူ့လက်မောင်းထဲကနေ ငါမေးလိုက်တယ်။ ''ငါက Antonio Smith'' သူနွေးထွေးတဲ့အပြုံးလေးနဲ့ပြန်ဖြေလာတယ်။နောက်ဆုံးတော့ ကြည့်ကောင်းတဲ့လူတစ်ယောက်ကို ငါတွေ့လိုက်ပြီ။
အချိန်တန်ထွက်သွားမယ့်သူတွေကို တွယ်ငြိမိမှာ သိပ်ကြောက်မိတယ်။Antonio,ငါ့ကို ရေချိုးခန်းထဲကထုတ်လိုက်တဲ့အချိန် ရေချိုးခန်းက ငါအိပ်ခဲ့တဲ့အခန်းနဲ့ချိတ်ထားတယ်ဆိုတာ သိလိုက်ရတဲ့အခါ အံံ့သြသွားခဲ့တယ်။
မကြာခင်မှာပဲ ငါ့အစာအိမ်က အသံမြည်လာတယ်။ သူတစ်ခုခုကိုမှတ်မိလာပြီးပြောခဲ့တယ်။ ''မင်းဗိုက်ဆာနေတာပဲဖစ်ရမယ်''

Antonioက ငါ့ကိုစားပွဲရှည်ကြီးတစ်ခုပြခဲ့တယ်။ငါနောက်ဆုံးတစ်ခေါက်ဒါမျိုးမြင်ခဲ့တာက ငါ့အမေအသက်ရှိစဥ်ကပဲ။ငါခုံပေါ်တက်ဖို့ကြိုးစားနေတုန်းမှာပဲ သူ့ရယ်သံကိုကြားလိုက်ရတယ်။ငါခုံပေါ်မရောက်နိုင်လို့ ငါ့ကိုနှိမ်သလိုခံစားရတယ်။
"ငါမင်းကိုကူညီပေးပါရစေ'' ငါ့ခါးမှာ သူ့လက်ကိုထားရင်းပြောတယ်။အဲ့လိုနဲ့ ငါခုံပေါ်ရောက်တော့တာပဲ။

ထိုင်ပြီးတာနဲ့ စားပွဲကငါ့မျက်လုံးတွေနဲ့တစ်တန်းတည်းဖြစ်နေတယ်ဆိုတာ ငါသိလိုက်ရတယ်။Antonio ငါ့အတွက် ကလေးထိုင်ခုံဝယ်ဖို့ သူလည်းသတိထားမိမှာပါ။ပြီးတော့ သူငါ့လက်မောင်းကနေအမြန်ချီလိုက်တော့ ငါလန့်သွား​ပြီး သူ့ကိုအမြန်ဆုပ်ကိုင်လိုက်တယ်။ပြီးတာနဲ့ သက်သောင့်သက်သာရှိမယ့်နေရာကို သူလမ်းလျှောက်သွားခဲ့တယ်။အဲ့ဒီမှာ စာအုပ်အထူကြီးတွေနဲ့ စားပွဲသေးသေးလေးတစ်လုံးရှိတယ်။
သူငါ့ကိုအောက်ချလိုက်တော့ ငါလည်းစားပွဲသေးသေးလေးဆီသွားလိုက်တယ်။သူ့ကိုကျေးဇူးတင်ဖို့ပဲရှိသေး သူကထွက်သွားလိုက်တော့ ငါဘာမှတောင်မပြောလိုက်ရဘူး။

"ဒါဆိုရပြီ။ငါအခုစားစရာသွားလုပ်လိုက်အုံးမယ်'' သူလမ်းလျှောက်ရင်းပြောသွားတယ်။

Addopted by the Billionaire(Mm Translation)On viuen les histories. Descobreix ara