17

20 5 0
                                    

SKIP⚠

Unicode

Antonio's POV:

Previously: "ငါသိပါတယ် Antonioရယ် ဒါပေမယ့်"

.

.

.

"ဒါပေမယ့် ငါတကယ်လိုအပ်နေလို့ပါ။ ငါနင်နဲ့မတွေ့ခင်တုန်းက ငါ့ချစ်သူ ငါ့ကို သစ္စာဖောက်ခဲ့လို့ ငါအတော်လေးခံစားခဲ့ရပြီးပြီ။" Jennaပြောတယ်။

Wow.

ဒါဆိုရင် ဒီလူက တကယ်ကို စက်ဆုပ်ဖို့ကောင်းပြီး သေချာပေါက်ကို ရိုက်ခံထိသင့်တယ်။

"ဒါဆို မင်းအဖေရဲ့ မိဘတွေကရော?" ငါမေးလိုက်တယ်။

"အိုး သူတို့ကတော့ ငါ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတယ်ဆိုတာ ဘယ်လိုမှန်းမသိခင် ငါ့အသက် ၁၀နှစ်အရွယ်ကတည်းက ဆုံးပါးသွားခဲ့တာ။" သူမခွက်ထဲက နောက်ဆုံးတစ်လုပ်သောက်ပြီး ပုလင်းကောက်ယူဖို့လုပ်တော့ ငါတားလိုက်တယ်။

"ဟင့်အင်း။ မင်း သောက်လိုက်ရုံနဲ့ ဒီခံစားချက်တွေက ပျောက်သွားမှာမဟုတ်ဘူး။" ငါပြောလိုက်တယ်။

"ဒါဆိုရင်လည်း ငါ့ခံစားချက်တွေ ပြည့်လာအောင် ကူညီပေးနိုင်မလား Tony?" သူမမေးတယ်။

ငါတွန့်ဆုတ်သွားတယ်။ Ellieကအခုအိပ်ပျော်နေပြီဆိုတော့ ဘာမှတော့ မဖြစ်လောက်ပါဘူးလေ ဟုတ်တယ်မှတ်လား?

"Jenna မင်းကမင်းမဟုတ်တော့သလိုပဲ။ မင်းက သေချာပေါက် ရုပ်ရည်ကို ကြည့်တတ်တဲ့သူတစ်ယောက် မဟုတ်ပါဘူးကွာ။" ငါပြောလိုက်တယ်။

ဒါပေမယ့် သူမငါ့ကို မကြည့်ဘဲ အဝေးတစ်နေရာကိုသာ စိုက်ကြည့်နေခဲ့တယ်။

"ငါအရင်က မင်းအဖေကို မသိရင်မသိခဲ့မယ်။ ဒါပေမယ့် ငါကျောင်းကပွဲမှာ သူနဲ့ဆုံတော့ သူ့ကိုကြည့်ရတာ ကြင်နာတတ်ပြီး လေးစားဖို့ကောင်းတဲ့လူတစ်ယောက်ပဲ။ ငါကိုယ့်ကိုယ်ကို ပြောခဲ့ဖူးတယ်။ တစ်နေ့ ငါသူ့လိုဖြစ်ရမယ်လို့။" ငါဆက်ပြောလိုက်တယ်။

နောက်တော့ Jennaကဖြည်းဖြည်းချင်းငါ့ကို ကြည့်လာတယ်။

"Jenna အရင်တုန်းက ငါတို့ ဘာလို့ဝေးခဲ့ကြတာလဲဆိုတော့ ငါကမင်းကို s*x toy လို့ပဲသဘောထားလို့ပဲ။" ငါဆက်ပြောတယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now