15

26 4 0
                                    

Unicode

Ellie's POV:

Daddyကပြောတယ် ဒီအမျိုးသမီးက ဒီညဒီမှာနေမှာတဲ့။

ငါအဲ့ဒါကိုမကြိုက်ပေမယ့် တကယ်လို့သူမကငါ့ကိုစိတ်ရှုပ်အောင်လုပ်ရင် Daddyကသူမကိုနှင်ထုတ်မယ်ဆိုတာကို ငါသိနေတယ်။

ဒါပေမယ့် အခုသူမကလည်းပြောင်းလဲဖို့ကြိုးစားနေပြီဆိုတာကို ငါတွေ့တော့ ငါသူမကို လက်ခံနိုင်အောင်ကြိုးစားနေပါပြီ။

"သမီးက Ellieပါ။" ငါလက်ဆန့်ထုတ်လိုက်ရင်း နှုတ်ဆက်လိုက်တယ်။

"Hi Ellie,သမီးရဲ့အကြောင်းတွေအများကြီးကြားဖူးပါတယ်။ အန်တီမင်းကို အားကျတယ်။" သူမကြင်နာစွာပြောတယ်။

ငါထလိုက်ပြီး  အိပ်ယာမှာ ထိုင်လိုက်တယ်။

"အဝတ်အစားဝတ်တမ်းကစားရအောင်!" ငါပြောလိုက်တယ်။

"Of course!" Jenna ပြောတယ်။

"ကောင်းပြီ သမီးနောက်ကလိုက်ခဲ့။" ငါပြောရင်း ငါ့အိပ်ခန်းဆီခေါ်သွားလိုက်တယ်။

အဝတ်ဗီရိုဆီသွားလိုက်တယ်။

"မကြည့်နဲ့!" ငါပြောလိုက်ပြီး သူမကိုပြဖို့ အဝတ်တွေ ယူထုတ်လိုက်တယ်။

Jennaကထင်သလောက်မဆိုးဘူးလို့ငါထင်သလိုပဲ။

ငါအဝတ်၁၂စုံလောက်ရွေးထုတ်လိုက်တယ်။

ပထမတစ်စုံက အနီရောင်ဂါဝန်လေး။

ဒုတိယတစ်စုံက ရေတပ်ပြာရောင် အမှုန်လေးတွေပါတဲ့ ဝတ်စုံ။

ငါပထမတစ်စုံရွေးပြီး ဗီရိုထဲကထွက်လိုက်တယ်။

"လှလိုက်တာ!" Jennaပြောရင်း လက်ခုပ်တီးတော့ ငါတခစ်ခစ်ရယ်လိုက်တယ်။

"ထပ်ရှိသေးတယ်!။"ငါပြောပြီး ဒုတိယတစ်စုံထပ်လဲတယ်။

မီနစ်၃၀လောက်ကြာပြီးတာနဲ့ အချိန်ကိုပြောဖို့ သင်ယူနေသေးပေမယ့် အရမ်းတော့ မရသေးဘူး။

ငါထပ်ရှာလိုက်တော့ Daddyရဲ့ shirtကိုရှာတွေ့သွားတယ်။

သူ့ရဲ့တောက်ပြောင်နေတဲ့ shirtကို ငါတို့ ပထမဆုံးတွေ့တုန်းကလိုမျိုး ဝတ်လိုက်တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now