20

14 3 0
                                    

Unicode

Ellie's POV:

ငါအိပ်ယာကနိုးလာပြီးတာနဲ့ အိပ်ယာပေါ်ကနေ လျှောဆင်းလိုက်တယ်။

ရေချိုးခန်းထဲသွားပြီး ကိစ္စရှင်းပြီးတာနဲ့ အခန်းထဲပြန်လာလိုက်တယ်။

"Jenna!" မီးဖိုချောင်ထဲမှာ စာအုပ်ဖတ်နေတာမြင်တော့ ငါခေါ်လိုက်တယ်။

"ဟေး Ellie!" ငါ့ကိုပြန်နှုတ်ဆက်ပြီး သူ့စာအုပ်ကိုချလိုက်တယ်။

"သမီးနောက်ဆုံးတော့နိုးလာပြီပဲ။" သူမပြောတယ်။

ငါသူမကို ရှုပ်ထွေးစွာကြည့်လိုက်တယ်။

"အခုလ၁၀နာရီခွဲနေပြီ။" သူမပြောရင်း နာရီကိုညွှန်ပြတယ်။

ငါအဲ့လောက်ထိအိပ်လိုက်မိတာလား? ဝိုး ပထမဆုံးအကြိမ်ကောင်းကောင်းအိပ်ပျော်ခဲ့တာပဲ။

"နောက်ကျနေပြီပဲ။" ငါပြောလိုက်တဲ့အချိန် ငါ့အစာအိမ်ကအသံမြည်လာတယ်။

"သမီးအတွက် မနက်စာပြင်ပေးမယ်။" Jennaပြောတယ်။

"သမီး Shelly &Samကို သွားကြည့်နေလိုက်မယ်။" ငါပြောရင်း ဧည့်ခန်းကိုသွားလိုက်တယ်။

"ငါပြန်လာပြီ။ မင်းတို့ ငါ့ကိုလွမ်းနေကြလား?" လိပ်ကလေးတွေကိုပြောလိုက်တယ်။  လိပ်စာတွေကို ယူလိုက်ပြီး

ကန်ထဲဖြန်းလိုက်တယ်။

သူတို့ကို အစာကျွေးနေတုန်း ငါ့ဗိုက်ကပိုဆာလာသလိုပဲ။

လိပ်စာကိုချလိုက်ပြီး မီးဖိုချောင်ကိုပြေးသွားလိုက်တယ်။

"မနက်စာအဆင်သင့်ဖြစ်ပြီလားဟင်!" ငါ့ကလေးထိုင်ခုံမှာထိုင်ပြီး ယဉ်ယဉ်ကျေးကျေးလေးမေးလိုက်တယ်။

"ခဏလောက်စောင့်အုံး" သူမပြောရင်း ပန်းကန်တစ်ချပ်ယူလိုက်တယ်။

ငါလေထဲက အနံ့လေးကိုခံလိုက်တော့ ဒီအနံ့လေးက...ပြင်သစ်ပေါင်မုန့်ပဲ။

ငါစိတ်လှုပ်ရှားလာတယ်။

ကြောက်စရာကောင်းတဲ့အချိန်တွေကို ကျော်ဖြတ်ပြီးနောက်မှာတော့ ငါစောင့်နေတဲ့ မနက်စာလေးကို နောက်ဆုံးတော့ စားလို့ရပြီ။

Addopted by the Billionaire(Mm Translation)Where stories live. Discover now