2

112 14 0
                                    

(Unicode)
Antonio's Pov:
တစ်ခုခုလုပ်ဖို့နောင်တမရခင် နေ့လည်စာစားတာအကောင်းဆုံးလို့ ငါထင်တယ်။

မီးပွိုင့်အနီရောင်ပြောင်းတော့ လူကူးမျဥ်းကြားကို ဖြတ်ရတယ်။

၃နှစ်အရွယ်ကလေးမလေးတစ်ယောက် ငါ့နောက်ကိုကပ်လိုက်လာတယ်။

အကြောင်းတစ်ခုခုကြောင့်သူအပေါ်မော့မကြည့်ခဲ့ဘူး။ခဏနေတော့ သူငါ့ကိုကြည့်လာတယ်။

မိန်းကလေးရဲ့ အကြည့်တွေထဲမှာ အကြောက်တရားတွေနဲ့။

အခြားသူတွေကို ဒုက္ခမပေးဖို့ သူ့ကိုယ်သူသတိပေးလိုက်တယ်။

ဒီမိန်းကလေးက သူနဲ့ခဏလောက်မျက်လုံးချင်းဆုံပြီး အသက်အန္တာရယ်ရှိသလို ထွက်ပြေးသွားခဲ့တယ်လေ။

သူထွက်ပြေးသွားတာနဲ့ သူ့ကို တစ်ယောက်ယောက်ကနောက်ကနေတိုက်လိုက်တယ်။

အဲ့ဒီတစ်ယောက်က ဟိုမိန်းကလေးနောက် လိုက်နေတဲ့သူဖြစ်မယ်။

သူ့ကိုထွက်မပြေးစေရဘူး။

ငါသူ့ကိုတားလိုက်တယ်။

"မင်းဘယ်သူလဲ?'' ငါသူ့ကိုကြမ်းကြမ်းတမ်းတမ်းမေးလိုက်တယ်။

"မင်းကရော ဘယ်သူလဲ?'' သူကငါ့ကိုပြန်မေးလာတယ်။သူ့ကြည့်ရတာ မူးနေပုံပဲ။

အဲ့နောက် ငါအံ့သြသွားတယ်။

ငါစဥ်းစားနေတုန်း သူထွက်ပြေးသွားတယ်လေ။

ငါလှည့်လိုက်ပြီး သူ့နောက်ကိုလိုက်ပေမယ့် သူကမိန်းကလေးကို တွေ့သွားပြီ။

ငါသူ့ကို ထိုးလိုက်တယ်(လက်သီးနဲ့) မိန်းကလေးရဲ့ဆံပင်တွေက ညစ်ပတ်ရှုပ်ပွနေပြီး သူမကအဲ့နေရာမှာပဲ မလှုပ်တော့ဘူး။

ငါထိုးလိုက်တော့ သူလဲကျသွားတယ်။

ငါ ကလေးမလေးဆီ သွားလိုက်တယ်။

သူ့ခန္ဓာကိုယ်လေးကို ချီလိုက်တယ်။

သူမက အရမ်းကို ပေါ့ပါးတယ် ငှက်မွှေးလေးလိုပဲ။လေပြင်းလေးတစ်ခုတိုက်လိုက်တာနဲ့ လွင့်သွားလောက်တယ်။

ငါ့အိမ်ကို ပြန်လိုက်တယ်။ အတွင်းရေးမှူးကိုခေါ်လိုက်ပြီး အစည်းအဝေးဖျက်ခိုင်းလိုက်တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now