16

24 3 0
                                    

Unicode

Antonio's POV:

အစည်းအဝေးပြီးတော့ တခစ်ခစ်ရယ်သံတွေကို ငါကြားလိုက်ရတယ်။ အဲ့ဒါနဲ့ ငါရုံးခန်းထဲက ထွက်လာလိုက်တယ်။

Ellieရဲ့အခန်းနဲ့နီးလာတာနဲ့အမျှ တခစ်ခစ်ရီသံတွေက ပိုကျယ်လာတယ်။ သူမအခန်းတံခါးက ကျယ်ကျယ်ပွင့်နေတဲ့အတွက် ငါတံခါးဝကနေပဲ ရပ်ကြည့်နေလိုက်တယ်။

Ellieက အရုပ်ကလေးတွေနဲ့ ဆော့နေတုန်း အပေါ်မော့ကြည့်လာတော့ သူမရဲ့ ဝိုင်းစက်ပြီး ကြီးမားတဲ့ ချော့ကလက်ရောင်မျက်ဝန်းလေးတွေနဲ့ သွားဆုံတယ်။

ငါတို့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကလို ငါ့shirt နဲ့ jacketကိုဝတ်ထားတာတွေ့တော့ ငါပြုံးလိုက်မိတယ်။

သူမရပ်ပြီး ငါ့ဆီကိုပြေးလာတော့ ရလဒ်အနေနဲ့ သူမမျက်နှာနဲ့ ကြမ်းပြင်နဲ့ ရိုက်မိဖို့ ကပ်သီးလေးပဲလိုတော့တယ်။ ကံကောင်းထောက်မစွာနဲ့ ငါသူမကို ဖမ်းမိလို့သာပေါ့။

"Daddy!" သူမစိတ်လှုပ်ရှားပြေးလာတော့ ငါသူမကို ဖမ်းရင်း ပြုံးလိုက်တယ်။

"ဘာလို့daddyရဲ့ညစ်ပတ်နေတဲ့ အဝတ်တွေကို ဝတ်ထားရတာလဲ?" ငါသေချာကြည့်ပြီး မေးလိုက်တယ်။

သူမJennaနဲ့ အဝတ်အစားလဲတိုင်း ကစားနေတယ်လို့ရှင်းပြတယ်။

"အော် ဒီလိုလား။" ငါသူမကို အောက်ချပေးလိုက်တယ်။

"Jennaကြည့်ရတာတော့ Ellieကမင်းကို နှစ်သက်တဲ့ပုံပဲ။" ငါပြောရင်း Ellieကို အိပ်ယာပေါ်ချပေးရင်း Jennaဆီသွားလိုက်တယ်။

"ဒါကမခက်ပါဘူး။" Jennaကပေါ့ပေါ့ပါးပါးငါ့ကိုလှည့်စားဖို့လုပ်ပေမယ့် 

ငါသူမကိုမျက်လုံးကျဉ်းပြီးကြည့်လိုက်တယ်။ နောက်တော့ Ellieက အဝတ်ကူချွတ်ပေးဖို့ပြောတော့ ငါလက်ခံလိုက်တယ်။

"ကောင်းပါပြီ မင်းသမီးလေးခင်ဗျာ့။  ခဏလေးစောင့်ပါခင်ဗျာ့။" ငါ Jennaဆီကိုသွားပြီး သူ့အရှေ့မှာရပ်လိုက်တယ်။

"Ellieမင်းကိုသဘောကျလာအောင်မင်းဘာလှည့်ကွက်တွေသုံးထားတာလဲ?" ငါEllieမကြားအောင် အသံနှိမ့်ပြီးပြောလိုက်တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now