8

54 6 0
                                    

(Unicode)
Antonio's POV:
ငါဇာတ်လမ်းကို အေးအေးဆေးဆေးဆက်ဖတ်နေတယ်။ည၁၀နာရီထိ ဖတ်ဖြစ်နိုင်တယ်။နောက်တော့ Ellieရဲ့အော်သံကို ငါကြားလိုက်ရတယ်။

ငါစာအုပ်ကို အမြန်ချလိုက်တယ်။

ငါEllieရဲ့အခန်းထဲဝင်လိုက်တော့ သူမကအိပ်ယာပေါ်မှာ အိပ်မက်ဆိုးတွေမက်နေတယ်။

ငါအမြန်ပဲ သူ့ကိုပွေ့ဖက်လိုက်တယ်။

"Ellie'' ငါခေါ်လိုက်တော့ သူမဆတ်ခနဲမျက်လုံးပွင့်လာပြီး မျက်ရည်တွေကျလာတယ်။

"ဒါကအိပ်မက်ဆိုးလေးတစ်ခုပါပဲ'' ငါချော့ရင်း သူမကိုကောက်ချီပြီး နောက်ကျောလေးကိုပွတ်သပ်ပေးနေလိုက်တယ်။

"ငါ့အခန်းမှာ အိပ်ချင်လား?'' ငါမေးလိုက်တယ်။ သူမခေါင်းငြိမ့်ပြတယ်။ ဒါကြောင့် သူမကို သေသေချာချာချီလိုက်တယ် ဒါမှတံခါးဖွင့်လို့ရမှာပေါ့။ ငါအောင်မြင်စွာလုပ်ဆောင်ပြီးနောက် သူမကိုအိပ်ယာပေါ်ချလိုက်တယ်။ အစေခံတွေငါ့အိပ်ယာကို သန့်ရှင်းပေးခဲ့လို့ တော်သေးတာပေါ့။ Ellieငါ့အိပ်ယာပေါ်မှာတောင် အိပ်နေရတယ်ဆိုတဲ့ အလွန်အကျွံအတွေးကြီးက ငါ့ကိုအနှောင့်အယှက်ဖြစ်စေတယ်။(ပြောချင်တာကတော့ အိပ်မက်ဆိုးတွေကြောင့် သူအချစ်ကလေးနိုးလာရတာ ဒါကြောင့် သူမကျေမနပ်ဖြစ်နေတာ)

"An-tone-eo'' Ellieအသံထွက်လာတယ်။
ငါသူမကိုငုံ့ကြည့်ရင်း နားစွင့်လိုက်တယ်။
သူမငါ့နာမည်ခေါ်ဖို့ကြိုးစားနေတာပဲ။
"မင်းငါ့ကို Tonyလို့ခေါ်နိုင်တယ်။'' ငါပြောလိုက်တယ်။
"Tony'' သူမကြည်လင်ပြတ်သားစွာပြောတယ်။
ငါအိပ်ယာအစွန်းမှာထိုင်ရင်း သူမကိုငုံ့ကြည့်လိုက်တယ်။
"ဘာလဲ မင်းသမီးလေး?'' ငါပြန်ဖြေလိုက်တယ်။
"သမီး-သမီး တောင်းပန်ပါတယ်။'' သူမပြောတယ်။
သူမထပ်တောင်းပန်ပြန်ပြီ။
"ဘာလို့တောင်းပန်ရတာလဲ?'' ငါမေးတော့
"ဘာ-ဘာလို့လဲဆိုတော့ အိပ်နေတာကို အနှောင့်အယှက်ဖြစ်စေလို့ပါ။'' သူမတထစ်ချပြောတယ်။

ဒီလိုအသေးအဖွဲ့ကိစ္စလေးတွေအတွက် သူမတောင်းပန်စရာမလိုကြောင်း ငါထပ်ခါတလဲလဲပြောချင်တယ်။

"Ellie,မင်းငါ့ကိုအနှောင့်အယှက်မပေးခဲ့ပါဘူး။ငါစောနလေးက စာဖတ်နေတာ။ ငါ​ပြောခဲ့သလိုပဲ မင်းငါ့ကိုလိုအပ်ရင် ပြောပါ။'' ငါအေးအေးဆေးဆေးပြောလိုက်တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now